သမ္မာကျမ်းစာ

သင့်သမ္မာကျမ်းစာကို မည်သို့သိရှိမည်နည်း

Your Bible

ရည်ရွယ်ချက်

ကျမ်းစာကို နားလည်သဘောပေါက်ရန်အတွက် ပထမဦးဆုံးခြေလှမ်းမှာ ၎င်း၏ စာပေအရေးအသားပုံစံ ကို ခွဲခြားသိမြင်ခြင်း ဖြစ်ပါတယ်။ ဤသင်တန်းတွင် သမ္မာကျမ်းစာထဲ ၌ တွေ့ရှိရသော စာပေအမျိုးအစားအမျိုးမျိုးနှင့် ၎င်းအမျိုးအစားများကို နားလည်ခြင်းက သမ္မာကျမ်းစာအပေါ် ကျွန်တော်တို့ရဲ့ နားလည်မှုကို ဘယ်လိုနက်ရှိုင်းစေနိုင်တယ်ဆိုတာကို လေ့လာကြမှာဖြစ်ပါတယ်။ ပုံပြင်တွေ၊ ဥပဒေတွေနှင့် ပရောဖက်ပြုချက်တွေကနေ ကဗျာ၊ ဉာဏ်ပညာနှင့် ပုံဥပမာများအထိ၊ အမျိုးအစားတစ်ခုစီမှာ အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် ထူးခြားတဲ့ချဉ်းကပ်မှုတစ်ခုစီ လိုအပ်ပါတယ်။ ဓမ္မဟောင်းကျမ်းထဲက ဇာတ်လမ်းတွေကို ဖတ်နေတာပဲဖြစ်စေ၊ ဓမ္မသစ်ကျမ်းထဲက ဩဝါဒစာတွေကို ဖတ်နေတာပဲဖြစ်စေ ဒီသင်တန်းက ကျမ်းစာရဲ့ ကျမ်းအမျိုးမျိုးကို နားလည်ရန်နှင့်၊ အမှုတော်လုပ်ငန်းနှင့် ခေါင်းဆောင်မှုအတွက် အတွေးအမြင်တွေရရှိဖို့ လက်တွေ့ကျတဲ့ အဆင့်တွေကို ပံ့ပိုးပေးပါတယ်။

အကျဉ်းချုပ်

  • ကျမ်းစာထဲက စာပေပုံစံအမျိုးမျိုးရဲ့ အရေးပါမှု
  • စာပေပုံစံအမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာခြင်း —
  • ဇာတ်လမ်းများ
  • ဥပဒေ
  • ကဗျာ
  • ဉာဏ်ပညာ
  • ပရောဖက်များ
  • ခရစ်ဝင်ကျမ်းများ
  • ပုံဥပမာများ
  • ဗျာဒိတ်ကျမ်း
  • ကျမ်းစာကို နားလည်ရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အခန်းကဏ္ဍ

ကိုးကားထားသောကျမ်းပိုဒ်များ

သမ္မာကျမ်းစာ ခြုံငုံသုံးသပ်ချက်

ဆက်လက်လေ့လာရန် မေးခွန်းများ

၁။ သင့်အဖွဲ့ သို့မဟုတ် အသင်းတော်ကို ကျမ်းစာထဲကအမှန်တရားတွေ သင်ကြားပေးနိုင်ဖို့ သမ္မာကျမ်းစာရဲ့ စာပေပုံစံအမျိုးမျိုးကို ဘယ်လိုအသုံးပြုနိုင်မလဲ။

၂။ ဘယ်ကျမ်းစာအမျိုးအစားက နားလည်ရ အလွယ်ဆုံး ဒါမှမဟုတ် သွန်သင်ရ အလွယ်ဆုံးလို့ ထင်ပါသလဲ။

၃။ ဘယ်ကျမ်းစာအမျိုးအစားက နားလည်ရအခက်ဆုံး ဒါမှမဟုတ် သွန်သင်ရအခက်ဆုံးလို့ ထင်ပါသလဲ။

နောက်ထပ်လေ့လာရန်ကျမ်းများ

ဇာတ်လမ်းများ - ကမ္ဘာဦးကျမ်း ၁-၃၊ ရုသဝတ္ထု၊ ယောနဝတ္ထု

ပညတ်တရား - တရားဟောရာကျမ်း ၆:၄-၉၊ ဝတ်ပြုရာကျမ်း ၁၉:၁၈

ကဗျာ - ဟေရှာယ ၄၀:၂၈-၃၁၊ ဆာလံ ၂၃

ဉာဏ်ပညာ - သုတ္တံကျမ်း ၃:၅-၆၊ ဒေသနာကျမ်း ၃:၁-၈

ပရောဖက်များ - ယေရမိ ၃၁:၃၁-၃၄၊ မိက္ခာ ၆:၈

ခရစ်ဝင်ကျမ်းများ - မဿဲ ၅-၇၊ ယောဟန် ၁:၁-၁၈

ပုံဥပမာများ- မဿဲ ၁၃၊ လုကာ ၁၅

ဩဝါဒစာများ- ရောမ ၈၊ ဧဖက် ၂:၈-၁၀

ဗျာဒိတ်တော် - ဗျာဒိတ်ကျမ်း ၂၁-၂၂

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်