သမ္မာကျမ်းစာ

အမှုတော်လုပ်ငန်းအတွက် ရတနာမြေပုံ

ရည်ရွယ်ချက်

တစ်ကိုယ်ရေသက်တာကနေ အမှုတော်လုပ်ငန်း ခေါင်းဆောင်မှုအထိ သင်ရင်ဆိုင်ရတဲ့ ဆုံးဖြတ်ချက်တိုင်းအတွက် ကျမ်းစာက လက်တွေ့ကျတဲ့ လမ်းညွှန်မှုနှင့် ဉာဏ်ပညာတွေ ဘယ်လိုပေးနိုင်တယ်ဆိုတာကို စူးစမ်းလေ့လာပါ။​ ဒီသင်တန်းက သမ္မာကျမ်းစာဟာ စည်းမျဉ်းတွေထက်ပိုကြောင်းနှင့်၊ ယေရှုနှင့်ပိုမိုနက်ရှိုင်းတဲ့ဆက်ဆံရေးကို ဦးတည်စေတဲ့ ရတနာမြေပုံတစ်ခုဖြစ်ကြောင်း အလေးပေးပြောကြားထားပါတယ်။ ဘုရားက သင့်အတွက် ရည်ရွယ်ထားတဲ့ ဝမ်းမြောက်ခြင်း၊ အခွင့်အာဏာနဲ့ အသွင်ပြောင်းလဲမှုတွေကို ဖော်ထုတ်ရင်း ကျမ်းစာကို ရတနာမြေပုံအဖြစ် အသုံးပြုတတ်အောင်သင်ယူပါ။

အကျဥ်းချုပ်

  • အမှုတော်လုပ်ငန်းနှင့် ခေါင်းဆောင်မှုအတွက် ဘုရားရဲ့ နှုတ်ကပတ်တော်က မရှိမဖြစ်လိုအပ် ခြင်း
  • ဘုရားရဲ့ နှုတ်ကပတ်တော်ဟာ
  • ရတနာသိုက်မြေပုံတစ်ခုဖြစ်တယ်
  • ယေရှုကို ဖွင့်ပြခြင်းဖြင့် ဝိညာဉ်ကို ပြန်လည်နိုးကြားစေပြီး၊ ကုစားခြင်းနှင့် အသက်ကို ယူဆောင်လာပေးတယ်
  • ယုံကြည်ထိုက်ပြီး ဘဝဆုံးဖြတ်ချက်တွေအတွက် ဉာဏ်ပညာနှင့် လမ်းညွှန်မှုတွေကို ပေးနိုင်တယ်
  • နှလုံးသားကို ဝမ်းမြောက်စေပြီး ဘဝရွေးချယ်မှုများအတွက် အခွင့်အာဏာတစ်ခုဖြစ်တယ်
  • တောက်ပပြီး မျက်စိအမြင်အတွက် အသွင်ပြောင်းလဲခြင်းနှင့် အလင်းရောင်တို့ကို ယူဆောင်လာပေးတယ်
  • ချိုမြိန်ပြီး ကျွန်ုပ်တို့ရဲ့ အားနည်းချက်တွေကို ဖွင့်ပြကာ ကြီးထွားမှုဆီသို့ ဦးတည်စေတယ်
  • နှုတ်ကပတ်တော်မဖတ်မီ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းညွှန်မှုအတွက် ဆုတောင်းခြင်း

ကိုးကားထားသောကျမ်းပိုဒ်များ

၂ ပေတရု ၁

ဆာလံ ၁၉:၇

ရောမ ၄

တမန်တော်ဝတ္ထု ၂၀:၃၅

နောက်ထပ်လေ့လာရန် မေးခွန်းများ

၁။ ကျမ်းစာဖတ်ဖို့ သင့်ရဲ့ကိုယ်ပိုင်ချဉ်းကပ်ပုံက "အသုံးပြုပုံ လမ်းညွှန်စာအုပ်" နဲ့ ပိုတူနေသလား ဒါမှမဟုတ် “ရတနာမြေပုံတစ်ခု” ဘယ်ဟာနှင့် ပိုတူသလဲ။

၂။ သမ္မာကျမ်းစာကို ဖတ်တဲ့အခါ စည်းကမ်းချက် ဒါမှမဟုတ် မူဝါဒတွေကိုပဲ ရှာဖွေတာမျိုးထက် သခင်ယေရှုကိုပဲ အဓိကရှာဖွေတတ်လာဖို့ သင့်ရဲ့ အာရုံစိုက်မှုကို ဘယ်လိုလက်တွေ့ကျတဲ့ ခြေလှမ်းတွေနဲ့ ပြောင်းလဲပြင်ဆင်နိုင်မလဲ။

၃။ ဘယ်လိုခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို သင်ရင်ဆိုင်နေရပါသလဲ။ အဲဒီဆုံးဖြတ်ချက်ကို ချမှတ်တဲ့နေရာမှာ သမ္မာကျမ်းစာကို အမြင့်ဆုံး အခွင့်အာဏာ အဖြစ် ဘယ်လိုမျိုး အသုံးချနိုင်မလဲ။

ဆက်လက်လေ့လာရန်ကျမ်းများ

ယောရှု ၁:၈

၂ တိမောသေ ၃:၁၆-၁၇

ဆာလံ ၁၁၉:၁၀၅

ဟေဗြဲ ၄:၁၂

ယောဟန် ၁:၁၊ ၁၄

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်