ခေါ်တော်မူခြင်း

ကိုယ့်ကိုယ်ကို သက်သေပြလိုသည့် ကြီးမားသောစုံစမ်းနှောင့်ယှက်မှု

ရည်ရွယ်ချက်

အမှုတော်လုပ်ငန်းမှာ လူတိုင်းကြုံတွေ့ရတဲ့ စုံစမ်းခြင်းတစ်မျိုးက မိမိကိုယ်မိမိ သက်သေပြရန် စုံစမ်းခြင်းခံရတာပါပဲ။ သခင်ယေရှုကိုယ်တိုင်တောင်မှ ဤစုံစမ်းနှောင့်ယှက်ခြင်းကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီသင်ခန်းစာက ယေရှုကိုယ်တိုင် ကြုံခဲ့ရတဲ့ စုံစမ်းခြင်းနှင့် ပေတရုကို ပြန်လည် တည်ဆောက်ပေးခြင်း အဖြစ်အပျက်တွေကနေတစ်ဆင့်— ကျွန်တော်တို့ရဲ့ အမှုတော်လုပ်ငန်းကို ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ ထားရှိခြင်း၊ အခြားသူများကို အစေခံခြင်းနဲ့ ကိုယ်တော်၏ လမ်းစဉ်တော်ကို ယုံကြည်ကိုးစားခြင်းတွေအပေါ်မှာပဲ အခြေပြုတည်ဆောက်ခြင်းရဲ့ တန်ခိုးအာဏာကို ဖော်ပြပေးထားပါတယ်။ ယေရှုက ဒီစုံစမ်းခြင်းတွေကြားမှာ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းတွေ ဆက်ပြီးခိုင်မာနေစေဖို့ ဆုတောင်းပေးခဲ့တာကို သတိရပါ။

အကျဉ်းချုပ်

  • အမှုတော်လုပ်ငန်းတွင် လူတိုင်းကြုံတွေ့ရသည့် စုံစမ်းခြင်း
  • တောကန္တာရထဲ၌ ယေရှုခံခဲ့ရသည့် စုံစမ်းခြင်း (လုကာ ၄)
  • ပေတရု၏ အတည်ပြုခံလိုစိတ်ကြောင့် ရုန်းကန်မှုနှင့် ပြန်လည်တည်ဆောက်ခြင်း (ယောဟန် ၂၁)
  • မိမိကိုယ်ကိုသက်သေပြချင်သည့်စိတ်ကို ကုစားပေးမည့် အဆိပ်ဖြေဆေး (၃) သွယ်
  • မေတ္တာ - အမှုတော်လုပ်ငန်းဟာ ဘုရားနှင့် အခြားသူများအပေါ်ထားရှိသော မေတ္တာပေါ်တွင် အခြေခံသင့်သည်
  • အစေခံခြင်း - မိမိကိုယ်ကို အရေးပါသူဖြစ်အောင် ရှာဖွေခြင်းထက် လူသားများကို အစေခံရန်နှင့် ဂရုစိုက်စောင့်ရှောက်ရန်သာ အဓိကအာရုံစိုက်ပါ။
  • ယုံကြည်ခြင်း - ယေရှု၏လမ်းစဉ်ကို လိုက်လျှောက်ပြီး မိမိအကြံအစည်ထက် ဘုရားအကြံအစည်ကို ကိုးစားယုံကြည်ပါ
  • ဘုရားကို ယုံကြည်ကိုးစားခြင်းမှရသည့် လွတ်လပ်ခြင်းနှင့် ဝမ်းမြောက်ခြင်း
  • နိဂုံးချုပ် - ကျွန်ုပ်တို့၏ယုံကြည်ခြင်းအတွက် ယေရှု၏ဆုတောင်းချက်

ကိုးကားထားသောကျမ်းပိုဒ်များ

လုကာ ၄

ယောဟန် ၂၁

လုကာ ၂၂:၃၂

လုကာ ၁၅

နောက်ထပ်လေ့လာရန် မေးခွန်းများ

၁။ ဘုရားသခင်အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာ ပိုမိုနက်ရှိုင်းလာအောင် ဘယ်လိုမျိုး လက်တွေ့ကျကျ ပျိုးထောင်မလဲ၊ ပြီးတော့ အဲဒီမေတ္တာတရားကို သင့်ရဲ့ အမှုတော်မြတ် လုပ်ငန်းတွေရဲ့ အခြေခံအုတ်မြစ်ဖြစ်လာအောင် ဘယ်လိုမျိုး ခွင့်ပြုလုပ်ဆောင်မလဲ။"

  • ၂။ အမှုတော်လုပ်ငန်းမှာ ဘုရားရဲ့ခေါ်တော်မူခြင်းကို အခြားသူတွေ အသိအမှတ်ပြုလာအောင် (ဒါမှမဟုတ်) ကိုယ့်ကိုယ်ကိုသက်သေပြချင်တဲ့ စုံစမ်းနှောင့်ယှက်ခြင်းမျိုးကို ဘယ်လိုနည်းလမ်းတွေနဲ့ ကြုံတွေ့ခံစားခဲ့ဖူးသလဲ။
  • ၃။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာတော်ကို ကိုးစားတာထက် မိမိကိုယ်ကိုပိုပြီး ယုံကြည်ကိုးစားမိနေတဲ့ အပိုင်းကဏ္ဍတွေ (သင့်အသက်တာမှာ) ရှိနေပါသလား။

၄။ သင့်အခြေအနေမှာ "သခင်ယေရှုရဲ့ သိုးတော်စုကို ကျွေးမွေးစောင့်ရှောက်ပါ" ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဘုရားက သင့်ကို ဘယ်သူတွေကို အစေခံဖို့ ခေါ်ထားတာလဲ။

ဆက်လက်လေ့လာရန်ကျမ်းများ

လုကာ ၄

ယောဟန် ၂၁

မဿဲ ၂၀:၂၅-၂၈

မဿဲ ၆:၂၅-၃၄

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်