ခေါ်တော်မူခြင်း

ခေါ်တော်မူခြင်းအဖြစ် အလုပ်လုပ်ခြင်း

ရည်ရွယ်ချက်

ဘယ်လိုကျွမ်းကျင်မှုပဲဖြစ်ဖြစ် လူတိုင်းမှာ သူတို့ရဲ့ အလုပ်နှင့်ပတ်သက်ပြီး ဘုရားရဲ့ ခေါ်ခြင်းရှိပါတယ်။ ဒီသင်တန်းမှာ ဘုရားကအလုပ်ကို သူ့ရဲ့သန့်ရှင်းသောခေါ်ခြင်းအဖြစ် ရှုမြင်တယ်ဆိုတဲ့အကြောင်း ဖော်ထုတ်ပြသပေးထားသည်။ အဲဒါက လောကအလုပ်တွေဟာ အမှုတော်ဆောင်တဲ့အလုပ်နှင့် သပ်သပ်စီဖြစ်တယ်ဆိုတဲ့ ရိုးရာအတွေးအမြင်ဟောင်းကို စိန်ခေါ်လိုက်တာပါ။ ကမ္ဘာဦးအစကတည်းက ဘုရားသခင်သည် လူတိုင်းကို အလုပ်လုပ်ရန် ခေါ်ထားတာပါ။ ဒါကြောင့် အလုပ်တိုင်းက ဘယ်လောက်ပင်ရိုးရှင်းနေပါစေ ဘုရားကို အစေခံပြီး သူ့ရဲ့ ရည်ရွယ်ချက်တွေကို ပြီးပြည့်စုံစေမယ့် နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ အလုပ်ဆိုတာ လစာတစ်ခုရတာထက် ပိုပါတယ်။ ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းနဲ့ အစေခံခြင်း လုပ်ဆာင်ချက်တစ်ခုဖြစ်ပါတယ်။

အကျဥ်းချုပ်

  • ဘုရားရဲ့ခေါ်ခြင်း၏ အရေးပါမှုနှင့် အလုပ်နှင့် ၎င်း၏ ဆက်စပ်မှု
  • ဖန်ဆင်းခြင်းဆိုင်ရာ မဟာစေခိုင်းချက် - လူသားမျိုးနွယ်အပေါ် ဘုရားပေးထားသည့် မူလတာဝန်
  • ပြောင်းလဲခြင်း ငါးခု -
  • ခရစ်တော်ကို အလုပ်ရှင်အဖြစ်ရှုမြင်ခြင်း
  • အလုပ်၌ ဘုရား၏အလိုတော်
  • နှလုံးသားဖြင့် အစေခံခြင်း
  • ဘုရားထံမှလာသည့်ဆုလာဘ်
  • လူများကို ဦးစားပေးခြင်း
  • လက်တွေ့အသုံးချခြင်းနှင့် မိမိအလုပ်ကို ဘုရားရဲ့ခေါ်ခြင်းအဖြစ် လက်ခံရန် အားပေးမှု

ကိုးကားထားသောကျမ်းပိုဒ်များ

ကောလောသဲ ၃:၂၃

ဧဖက် ၆:၅-၉

နောက်ထပ်လေ့လာရန် မေးခွန်းများ

၁။ သင့်အလုပ်ထဲက အရိုးရှင်းဆုံး အလုပ်တွေမှာတောင် စိတ်အားထက်သန်မှုနဲ့ ရည်ရွယ်ချက်ကို ဘယ်လို ပိုပြီး ဖော်ဆောင်နိုင်မလဲ။

၂။ လက်ရှိမှာ သင့်အလုပ်ရဲ့ ဘယ်ကဏ္ဍတွေက "လောကအလုပ်" လို့ ခံစားရသလဲ။ ဒီအလုပ်တွေကို ဘုရားရဲ့ဘုန်းတော်အတွက် ဘယ်လိုအသုံးပြုနိုင်တယ်ဆိုတာကို ကိုယ်တော် ဖော်ပြပေးဖို့ ဆုတောင်းရင်း အချိန်ယူပါ။

၃။ ဘုရားသခင်ဟာ သင့်ကို နောက်ဆုံးပိတ် အကြွင်းမဲ့ ဆုလာဘ်ပေးမယ့် "အစစ်အမှန် အလုပ်ရှင်" ဖြစ်တယ်ဆိုတဲ့ အတွေးအမြင်က သင့်ရဲ့ လက်ရှိရရှိနေတဲ့ လစာ၊ ခံစားခွင့်တွေအပေါ် ထားရှိတဲ့ အမြင်ကို ဘယ်လိုမျိုး သက်ရောက်မှု ရှိစေသလဲ။

၄။ ဒီတစ်ပတ်အတွင်း သင့်ရဲ့ နေ့စဉ် အလုပ်ခွင် ဆက်ဆံရေးတွေနဲ့ ဆုံးဖြတ်ချက်တွေထဲမှာ သင့်ရဲ့ ယုံကြည်ခြင်းကို ပိုမိုရည်ရွယ်ချက်ရှိရှိ ပေါင်းစပ်ထည့်သွင်းနိုင်ဖို့ ဘယ်လို လက်တွေ့ကျတဲ့ ခြေလှမ်းတွေကို စတင်လုပ်ဆောင်နိုင်မလဲ။

  • ၅။ ဒီတစ်ပတ်မှာ သင့်အလုပ်ခွင်ထဲက လူသားတွေကို ပိုပြီး ဦးစားပေး ဂရုစိုက်ဖို့နဲ့ ခရစ်တော်ကဲ့သို့သော စရိုက်လက္ခဏာမျိုးကို ပြသနိုင်ဖို့ ဘယ်လိုမျိုး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မလဲ။

ဆက်လက်လေ့လာရန်ကျမ်းများ

၁ ကောရိန္သု ၁၀:၃၁

ဒေသနာ ၉:၁၀

ဆာလံ ၁၃၉:၁၃-၁၆

သုတ္တံ ၁၄:၂၃

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်