အသင်းတော်

ဘုရားသခင်က ကိုယ်တော်၏အသင်းတော်ကို မည်သို့တည်ဆောက်သနည်း

ရည်ရွယ်ချက်

အသင်းတော်ကို ဘယ်သူက တည်ဆောက်နေတာလဲ—သင်လား၊ ဒါမှမဟုတ် ဘုရားလား။ ဒီသင်တန်းမှာ ယေရှုဆီကနေ သီးသန့်ဖွင့်ပြချက်ကို လက်ခံရရှိခြင်းဖြင့် ဘုရားရဲ့အသင်းတော်ကို ဘယ်လိုစနစ်တကျတည်ဆောက်တယ်ဆိုတာရယ်၊ ဘုရားပေးထားတဲ့ အခွင့်အာဏာ၌ လုပ်ဆောင်ခြင်းနှင့် ဘုရားရဲ့ တန်ခိုးကို ကမ္ဘာမြေကို ယူဆောင်လာဖို့ ကောင်းကင်နိုင်ငံတော်ရဲ့ သော့ချက်တွေကို ရယူခြင်းစတာတွေကို လေ့လာကြမှာဖြစ်တယ်။ ဒီရှုထောင့်သုံးရပ်ကို နားလည်သဘောပေါက်ခြင်းအားဖြင့် ကိုယ်တော်၏ အသင်းတော် တည်ဆောက်ခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ဟာ ထိရောက်စွာ ပါဝင်လုပ်ဆောင်နိုင်မှာဖြစ်ပြီး မိမိတို့ပတ်ဝန်းကျင် ကမ္ဘာလောကကြီးအပေါ်ကိုလည်း ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။

အကျဉ်းချုပ်

  • ဘုရားက သူ့အသင်းတော်ကို လူတွေအားဖြင့် တည်ဆောက်တယ် (၁ ပေတရု ၂း၅)
  • ပေတရုအပေါ် သခင်ယေရှု၏ ဖိတ်ခေါ်ချက်သည် ကိုယ်တော်၏ အသင်းတော်ကို တည်ဆောက်ရန်အတွက် စံနမူနာပုံစံကို ပံ့ပိုးပေးထားသည်။ (မဿဲ ၁၆:၁၆)
  • ဖွင့်ပြခြင်း - ယေရှုဟာ မေရှိယဖြစ်ကြောင်း သီးသန့်ဖွင့်ပြချက် ရရှိခြင်း
  • အခွင့်အာဏာ - ရန်သူကို အောင်နိုင်ရန် ယေရှုပေးထားတဲ့ အခွင့်အာဏာဖြင့် လုပ်ဆောင်ခြင်း။
  • ခံစားခွင့် - ကောင်းကင်နိုင်ငံတော်၏ တန်ခိုးနှင့် အလိုတော်ကို ကမ္ဘာမြေပေါ်သို့ ဆောင်ကြဉ်းရန် ကောင်းကင်နိုင်ငံတော်၏ သော့ချက်များကို အသုံးချခြင်း။
  • ရှမာရိလူကောင်းပုံပမာသည် နိုင်ငံတော်၏အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကို ထင်ဟပ်စေသည်
  • မြင်ပါ - လူတွေကို ဘုရားမြင်တဲ့အတိုင်းမြင်ပြီး သူတို့ရဲ့ လိုအပ်ချက်ကို နားလည်ပါ
  • ကူညီပါ - အသင်းတော်ရဲ့ အရင်းမြစ်တွေကို အသုံးပြုပြီး လူတွေရဲ့ လိုအပ်ချက်တွေကို လက်တွေ့ကျတဲ့နည်းတွေနှင့် ဖြေရှင်းကူညီပေးပါ။
  • ပြန်လည်ပြုစုခြင်း/ဆက်လက်လုပ်ဆောင်ခြင်း - ၎င်းကို တစ်ကြိမ်တစ်ခါ ပြုလုပ်သည့် အစီအစဉ်သက်သက် မဟုတ်ဘဲ လူနေမှုပုံစံတစ်ခု (Lifestyle) ဖြစ်အောင် လုပ်ဆောင်ပါ။
  • ခရစ်တော်၌ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုဟာ ကိုယ်တော်၏အသင်းတော်ကို တည်ဆောက်ရန် ကျွန်ုပ်တို့၏ ခေါ်တော်မူခြင်းကို ပုံသွင်း ပုံဖော်ပေးပါသည်။

ကိုးကားထားသောကျမ်းပိုဒ်များ

၁ ပေတရု ၂:၅

မဿဲ ၁၆:၁၆

၁ ပေတရု ၅:၈

နောက်ထပ်လေ့လာရန် မေးခွန်းများ

၁။ ယေရှုက သင့်ကိုပေးထားတဲ့ အခွင့်အာဏာကို သင်ဘယ်လိုနားလည်သလဲ။ ပြီးတော့ အဲဒီအတိုင်း နေ့စဉ်လျှောက်လှမ်းဖို့ ဘယ်လိုကြိုးစားသလဲ။

၂။ သူတပါးရဲ့ လိုအပ်ချက် အခက်အခဲတွေကို မြင်တွေ့ရခြင်းကနေတစ်ဆင့် သခင်ယေရှုကို (အမြင်အသစ်နဲ့) အသစ်တဖန် မြင်တွေ့ရပြီး၊ အခြားသူတွေကို အစေခံဖို့နဲ့ ပေးကမ်းစွန့်ကြဲဖို့ ခေါ်ယူခြင်းခံရတဲ့ "ဒုတိယအကြိမ် ဝိညာဉ်ရေးရာ ပြောင်းလဲနိုးထမှု" (Second Conversion) မျိုးကို သင် ကြုံတွေ့ဖူးပါသလား။ အကယ်၍ ကြုံတွေ့ဖူးရင် အဲဒီအရာက သင့်ရဲ့ အသင်းတော်အမှုတော်မြတ် (Ministry) အပေါ် ဘယ်လိုမျိုး သက်ရောက်မှု ရှိစေခဲ့သလဲ။

၃။ ရန်သူစာတန်ရဲ့ ဝိညာဉ်ရေးရာ တိုက်ခိုက်မှုတွေကို အောင်မြင်ကျော်လွှားနိုင်ဖို့အတွက် သခင်ယေရှုက သင့်ကို အပ်နှင်းထားတဲ့ အခွင့်အာဏာပေါ်မှာ လက်တွေ့ကျကျ ဘယ်လိုမျိုး လျှောက်လှမ်း အသုံးချမလဲ။

၄။ ကမ္ဘာလောကကြီးကို ဘုရားသခင် ရှုမြင်တော်မူတဲ့ မျက်စိနဲ့ ရှုမြင်တတ်လာခြင်းက အခြားသူတွေကို ပိုမိုထိရောက်ထက်မြက်စွာ မေတ္တာထား အစေခံနိုင်ဖို့ ဘယ်လိုမျိုး လမ်းပြပေးခဲ့သလဲဆိုတာကို သီးခြားလက်တွေ့ကျတဲ့ ဥပမာအချို့နဲ့ ဖော်ပြပေးနိုင်မလဲ။

ဆက်လက်လေ့လာရန်ကျမ်းများ

လုကာ ၁၀:၂၅-၃၇

မဿဲ ၂၅:၃၁-၄၀

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်