ယုံကြည်ခြင်း

ခေါင်းဆောင်တစ်ဦး၏ ယုံကြည်ခြင်းဆုတောင်းချက်

ရည်ရွယ်ချက်

ကျွန်တော်တို့အားလုံးသည် မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ အတားအဆီးတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ သို့သော် ခေါင်းဆောင်များအနေဖြင့် ထိုအခိုက်အတန့်များအပေါ် ကျွန်ုပ်တို့၏ တုံ့ပြန်ပုံက ကျွန်ုပ်တို့ မည်သူမည်ဝါဖြစ်ကြောင်းကို သတ်မှတ်ပေးသည်။ ဒီသင်တန်းမှာ ၄ ဓမ္မရာဇဝင် အခန်းကြီး ၁၉ ထဲက ဟေဇကိမင်းကြီး၏ ကြီးမားတဲ့စံနမူနာကို ယူပြီး ခေါင်းဆောင်တစ်ဦးရဲ့ ယုံကြည်ခြင်း ဆုတောင်းခြင်း၏ မရှိမဖြစ်တဲ့ အခန်းကဏ္ဍကို စူးစမ်းလေ့လာကြမှာဖြစ်ပါတယ်။ ဒီမှာ အပိုင်း ၃ ပိုင်းပါဝင်တဲ့ ဆုတောင်းချက်ဖွဲ့စည်းပုံကို ဖော်ပြထားပါတယ်။ ခေါင်းဆောင်များအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် ယုံကြည်ခြင်း၌ အခြေပြုရမည်ဖြစ်ပြီး ဘုရားသခင်၏ သာ၍ကြီးမြတ်သော ရည်ရွယ်ချက်တော်နှင့် ချိတ်ဆက်ထားရမည် ဖြစ်သည်။

အကျဥ်းချုပ်

  • အတားအဆီးများကို ရင်ဆိုင်ခြင်း
  • သင့် ခံနိုင်ရည်ထက် ကျော်လွန်နေတဲ့ အတားအဆီးတွေကို ဝန်ခံအသိအမှတ်ပြုပါ။
  • ဟေဇကိမင်းကြီး၏ ပုံသက်သေ
  • အပိုင်း ၃ ပိုင်းပါ ဆုတောင်းချက် - ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်း
  • သင့်ယုံကြည်ခြင်းကို တည်ဆောက်ပါ။ ဘုရားသခင်၏ စိတ်နေသဘောထား/စရိုက်လက္ခဏာတော် နှင့် အတိတ်ကာလက သစ္စာရှိခဲ့မှုအပေါ် အာရုံစိုက်ပါ။ သင့်ဆုတောင်းချက်ကို ရှင်းရှင်းလင်းလင်းနှင့် ရိုးရှင်းစွာ တင်ပြပါ။
  • သင့်ဆုတောင်းချက်ကို ဘုရားသခင်၏နိုင်ငံတော်ရည်ရွယ်ချက်နှင့် ချိတ်ဆက်ပါ။ (“သို့မှသာ”) ("so that").
  • “သို့မှသာ” ၏ တန်ခိုး
  • “သို့မှသာ” ဟူသော စကားလုံးသည် ဆုတောင်းချက်ကို မိမိကိုယ်ပိုင် လိုအပ်ချက်ထက် ကျော်လွန်စေပြီး ဘုရားသခင်၏ သာ၍ကြီးမြတ်သော အစီအစဉ်တော်ဆီသို့ ဦးတည်စေသည်။
  • "သို့မှသာ" နှင့် ချိတ်ဆက်ရမည့်အရာကို သန့်ရှင်းသောဝိညာဉ်တော်က ဖွင့်ပြပေးနိုင်ပါတယ်

ကိုးကားထားသော ကျမ်းပိုဒ်များ

၄ ဓမ္မရာဇဝင် ၁၉:၁၄

၄ ဓမ္မရာဇဝင် ၁၉:၁၅

၄ ဓမ္မရာဇဝင် ၁၉:၁၉

မဿဲ ၆:၇

နောက်ထပ်လေ့လာရန် မေးခွန်းများ

၁။ ဟေဇကိမင်းကြီး၏ ဆုတောင်းခြင်းအပေါ် ချဉ်းကပ်ပုံမှာ သင့်အတွက် အရေးကြီးဆုံးလို့ထင်တဲ့အရာက ဘာဖြစ်မလဲ။

၂။ ခြိမ်းခြောက်စာအပေါ် ဟေဇကိမင်းကြီး၏ တုံ့ပြန်ပုံသည် စိန်ခေါ်မှုများအပေါ် သင်၏ တုံ့ပြန်ပုံနှင့် မည်သို့ ကွာခြားသနည်း။

၃။ လက်ရှိတွင် သင်ရင်ဆိုင်နေရသော စိန်ခေါ်မှုတစ်ခုကို စဉ်းစားပါ။ ဒီအကြောင်းနှင့် ပတ်သက်ပြီး သင့်ဆုတောင်းချက်တွေမှာ "သို့မှသာ" ဆိုတဲ့ ရှုထောင့်ကို ဘယ်လိုထည့်သွင်းနိုင်မလဲ။

၄။ ယခုလက်ရှိအချိန်တွင် သာ၍ကြီးမားသော ယုံကြည်ခြင်းဖြင့် ဆုတောင်းရန် လိုအပ်နေသည့် သင့်ဘဝ၏ သီးခြားကဏ္ဍတစ်ခုက ဘာဖြစ်မလဲ။

ဆက်လက်လေ့လာရန်ကျမ်းများ

မာကု ၁၁:၂၄

ဟေဗြဲ ၁၁

ဆာလံ ၂၇

ဧဖက် ၃:၂၀-၂၁

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်