ဩဇာလွှမ်းမိုးမှု

ယုံကြည်မှုကို မည်သို့တည်ဆောက်မည်နည်း

ရည်ရွယ်ချက်

အမှုတော်လုပ်ငန်းရဲ့ အခြေခံအုတ်မြစ်ကို ယုံကြည်စိတ်ချမှု (Trust) အပေါ်တွင် တည်ဆောက်ထားပါသည်။

ဤသင်တန်းသည် ခေါင်းဆောင်မှုကဏ္ဍတွင် ယုံကြည်စိတ်ချမှု (trust) ၏ အရေးကြီးသော အခန်းကဏ္ဍကို ဖော်ပြထားပြီး၊ ၎င်းသည် အခြားသူများ၏ ယုံကြည်စိတ်ချရမှုကို တိုင်းတာရုံသက်သက်မဟုတ်ဘဲ မိမိ၏အဖွဲ့အတွင်း ယုံကြည်မှုကို အစဉ်မပြတ် တည်ဆောက်ခြင်းနှင့် သက်ဆိုင်ကြောင်း အလေးပေး ဖော်ပြထားပါတယ်။ ယေရှုနှင့် ပေတရုတို့ရဲ့ ပုံဥပမာကနေ အတူဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေ၊ ရင်းနှီးတဲ့ဆက်ဆံရေးတွေ၊ ရည်ရွယ်ချက်ရှိစွာပြောဆိုဆက်ဆံခြင်းနှင့် အချိန်အတော်ကြာအောင် ပုံမှန်ရင်းနှီးမြုပ်နှံခြင်းတို့ကနေတဆင့် ယုံကြည်မှု ဘယ်လိုတည်ဆောက်တယ်ဆိုတာကို ဖော်ပြထားပါတယ်။ သာသနာလုပ်ငန်း၏ ရေရှည်မျှော်မှန်းချက် (Vision) တွင် ကြီးထွားလာစေရန် သင့်အဖွဲ့ကို မည်သို့ လုပ်ပိုင်ခွင့်အာဏာ လွှဲအပ်ပေးရမည် (Empower) ကို လေ့လာပါ။

အကျဉ်းချုပ်

  • ယုံကြည်မှုကို အဓိပ္ပါယ်သတ်မှတ်ခြင်း (Defining trust)
  • ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍ
  • ယေရှုသည် ပေတရုနှင့် ယုံကြည်မှုကို မည်သို့တည်ဆောက်ခဲ့သနည်း
  • အတွေ့အကြုံ
  • ဆက်ဆံရေး
  • နှုတ်ကပတ်တော်/စကားလုံးများ (Words)
  • ရင်းနှီးမြုပ်နှံမှု
  • တသမတ်တည်းရှိမှု
  • တာဝန်ပေးစေခိုင်းခြင်းနှင့် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခြင်းတို့၏ ကွာခြားချက် (Delegation vs. assigning authority)
  • ယုံကြည်မှု တည်ဆောက်ခြင်းသည် ကြိုးစားအားထုတ်မှု လိုအပ်သည် (Building trust takes work)

ကိုးကားထားသောကျမ်းပိုဒ်များ

ဟေဗြဲ ၁၁:၆

နောက်ထပ်လေ့လာရန် မေးခွန်းများ

၁။ ယုံကြည်စိတ်ချမှုကို တည်ဆောက်ရန်နှင့် သင့်အဖွဲ့ဝင်များကို နောင်အနာဂတ် ခေါင်းဆောင်မှုအတွက် ပြင်ဆင်ပေးနိုင်ရန် သူတို့၏ အရည်အချင်း တိုးတက်မှုများတွင် မည်သည့်နည်းလမ်းများဖြင့် ရင်းနှီးမြှုပ်နှံပေးနိုင်မည်နည်း။

၂။ အခြားသူများနှင့် ယုံကြည်မှုတည်ဆောက်ရာတွင် မည်သည့်အတားအဆီးများက သင့်ကို နှောင့်ယှက်ဖျက်ဆီးနိုင်သနည်း။ ၎င်းအတားအဆီးများကို သင် မည်သို့ ကျော်လွှားနိုင်မည်နည်း။

၃။ သင့်အဖွဲ့ဝင်တွေနှင့် ယုံကြည်မှုတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေမယ့် အတွေ့အကြုံတွေ ဖန်တီးပေးနိုင်တဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတွေက ဘာတွေလဲ။

ဆက်လက်လေ့လာရန်ကျမ်းများ

မဿဲ ၁၈

ဧဖက် ၄:၁-၆

ဖိလိပ္ပိ ၂:၁-၄

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်