ပုဂ္ဂိုလ်ရေး တိုးတက်မှု

သင့်မှာ မဖြစ်မနေရှိရမည့် ဆက်ဆံရေး ၃ မျိုး

ရည်ရွယ်ချက်

ဒီသင်တန်းမှာတော့ ယေရှုက သူ့ရဲ့သာသနာလုပ်ငန်းအတွင်း ပုံစံပြခဲ့တဲ့ မဖြစ်မနေ ရှိထားရမယ့် ဆက်ဆံရေး ၃ မျိုးအကြောင်းကို ဆွေးနွေးကြမှာပါ။ အဲဒါကတော့ ယေရှုရဲ့ လူ ၁၂ ဦးနှင့် ဆက်ဆံရေး၊ လူ ၃ ဦးနှင့်ဆက်ဆံရေး၊ လူ ၁ ဦးနှင့် ဆက်ဆံရေးတို့ဖြစ်ပါတယ်။ ဒီဆက်ဆံရေးတွေမှာ ကျိုးပဲ့ကြေကွဲနေသူတွေကို အစေခံခြင်း၊ ယုံကြည်ရတဲ့ မိတ်ဆွေရင်းတွေကို ပွင့်လင်းမြင်သာစွာ ဆက်ဆံခြင်း၊ ဝိညာဉ်ရေးအရ အခွင့်အာဏာရှိသူထံ ဆက်ကပ်အပ်နှံခြင်းတို့ ပါဝင်ပါတယ်။ ဒီဆက်ဆံရေးတစ်ခုချင်းစီက ကိုယ်ရေးကိုယ်တာနှင့် ဝိညာဉ်ရေးရာ ကြီးထွားခြင်းအတွက် မတူကွဲပြားတဲ့ ရည်ရွယ်ချက်တွေကို ပုံဖော်ပြနေပါတယ်။ ဒီဆက်ဆံရေးတွေကို ပြုစုပျိုးထောင်ခြင်းဖြင့် ခေါင်းဆောင်တွေဟာ ဘုရားရဲ့ခေါ်ခြင်းထဲမှာ ကြီးထွားခြင်း၊ လွတ်လပ်ခြင်းနှင့် ပြီးပြည့်စုံခြင်းတို့ကို ကြုံတွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။

အကျဥ်းချုပ်

  • အဓိကဆက်ဆံရေးသုံးခုရဲ့ အရေးပါမှု
  • အဓိက ဆက်ဆံရေး (၃) ခုကို မဿဲ ၂၆:၃၆-၃၉ တွင် သရုပ်ဖော်ထားသည်
  • လူ ၁၂ ဦး - ကျွန်ုပ်တို့ အစေခံနေသည့်သူများ
  • ယေရှုနှင့် တပည့်တော် ၁၂ ပါးတို့၏ ဆက်ဆံရေး
  • ကျိုးပဲ့နေသူများနှင့် ထိတွေ့ဆက်ဆံကာ အစေခံရန် လိုအပ်ပုံ
  • အခြားသူများအား အစေခံခြင်းဖြင့် ကျေးဇူးတော်၊ ဉာဏ်ပညာနှင့် ယေရှုအပေါ်မှီခိုအားထားခြင်းတို့ကို သင်ယူခြင်း
  • ကျိုးပဲ့နေသူများနှင့် ကင်းရှင်းစွာနေရန် စုံစမ်းခြင်း
  • လူ ၃ ဦး - ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်မှု
  • ပွင့်လင်းမြင်သာမှုနှင့် မိမိတို့ရုန်းကန်နေမှုများကို အချင်းချင်းမျှဝေရန် လိုအပ်ပုံ
  • ယုံကြည်စိတ်ချ၍ရမည့်သူကို မှန်ကန်စွာရွေးချယ်ခြင်း၏ အရေးပါပုံ
  • ပွင့်လင်းမြင်သာခြင်း၏ အကျိုးကျေးဇူးများ
  • လူ ၁ ဦး - အခွင့်အာဏာရှိသူထံဆက်ကပ်ခြင်း
  • ယေရှုနှင့် အဖခမည်းတော်တို့၏ ဆက်ဆံရေး
  • ကျွန်ုပ်တို့အသက်တာအတွက် ဝိညာဉ်ရေးရာ အခွင့်အာဏာရှိသူ လိုအပ်ပုံ
  • အခွင့်အာဏာရှိသူထံ ဆက်ကပ်ခြင်း၏ အကျိုးကျေးဇူးများ
  • အခြားသူများအား ကျွန်ုပ်တို့ အသက်တာအတွင်း ဝင်ရောက်စကားပြောရန် အခွင့်ပေးခြင်း

အခြေပြုကျမ်းပိုဒ်များ

မဿဲ ၂၆:၃၆-၃၉

နောက်ထပ်လေ့လာရန် မေးခွန်းများ

၁။ မိမိကိုယ်မိမိ အကဲဖြတ်ခြင်းပြုလုပ်ပါ။ သင့်မှာ ဒီဆက်ဆံရေးသုံးခုထဲက တစ်ခုခု ကင်းမဲ့နေလား။ ဒါဆိုရင် ဒီလထဲမှာ လူ ၁၂ ဦး၊ လူ ၃ ဦး၊ လူ ၁ ဦးနှင့် ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ ဘယ်လို ခြေလှမ်းတွေကို လှမ်းနိုင်မလဲ။

၂။ သင်ဟာ ဒီဆက်ဆံရေးအမျိုးအစားတွေထဲက တစ်ခုခုကို တခြားဆက်ဆံရေးတွေထက် သဘာဝအတိုင်း ပိုပြီး နှစ်သက်မိပါသလား။ ဘာကြောင့်လို့ ထင်ပါသလဲ။

၃။ သင့်အတွက် ဝိညာဉ်ရေးရာ အခွင့်အာဏာရှိသူ ရှိပြီလား။ အကယ်၍ မရှိသေးဘူးဆိုရင် သင့်အသက်တာအတွက် ဝိညာဉ်ရေးရာ အခွင့်အာဏာရှိသူဖြစ်လာဖို့ ဘယ်သူ့ကို တောင်းဆိုမလဲ။

၄။ သင်ဦးဆောင်တဲ့ ဒါမှမဟုတ် သင့်ဩဇာလွှမ်းမိုးတဲ့ လူငယ်တွေအတွက် ဒီဆက်ဆံရေးသုံးမျိုးကို ဘယ်လိုပုံစံပြနိုင်မလဲ။

ဆက်လက်လေ့လာရန် ကျမ်းများ

ဓမ္မရာဇဝင် ဒုတိယစောင် ၁၂:၁-၁၅

ယောဟန် ၁၃:၁-၁၇

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်