တိုက်ပွဲ

ဝိညာဉ်ရေးတိုက်ပွဲဆိုင်ရာ လောကအမြင်

ရည်ရွယ်ချက်

ခရစ်ယာန်အသက်တာဆိုတာ ဝိညာဉ်ရေးတိုက်ပွဲတစ်ခုဖြစ်ပြီး စိန်ခေါ်မှုတွေကို နားလည်ကျော်လွှားနိုင်ဖို့ စစ်ရေးလောကအမြင်တစ်ခု လိုအပ်ပါတယ်။ ဒီအမြင်က ထိရောက်တဲ့ အမှုတော်လုပ်ငန်းနှင့်ခေါင်းဆာင်မှုအတွက် သိပ်ကိုအရေးကြီးပြီး အရှိတရားကို ကျွန်တော်တို့ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုသလဲ၊ လူတွေနှင့် ဘယ်လိုဆက်ဆံကြသလဲဆိုတာကို ပုံဖော်နေပါတယ်။ ဒါပေမယ့် အောင်ပွဲကိုတော့ ခရစ်တော်က ရရှိခဲ့ပြီးဖြစ်ပြီး အဲဒီအရာက ကျွန်တော်တို့ကို အခွင့်အာဏာ၊ ပိုင်းခြားသိမြင်ခြင်းနှင့် အသက်ရှင်နိုင်ဖို့နှင့် ဦးဆောင်နိုင်ဖို့ တန်ခိုးကိုပေးပါတယ်။ အမှန်တရားရဲ့ ဝိညာဉ်ရေးအတိုင်းအတာကို သိရှိခြင်းက အခွင့်အာဏာကိုယူပြီး အောင်မြင်ခြင်း၌ လျှောက်လှမ်းသွားဖို့ ကျွန်တော်တို့ကို စွမ်းဆောင်နိုင်စေပါတယ်။ ကျွန်တော်တို့ဟာ ယေရှုအနိုင်ယူထားပြီးသား စစ်ပွဲထဲမှာရှိနေကြတယ် ဒါပေမယ့် ခရစ်တော်ပြန်မလာခင်အထိ ဒီအောင်ပွဲကို ကျင့်သုံးပြီး ဆက်လက်တိုက်ပွဲဝင်ရင်း အသက်ရှင်ရပါမယ်။

အကျဉ်းချုပ်

  • ဝိညာဉ်ရေးရာတိုက်ပွဲရဲ့ လက်ရှိအရှိတရားကို နားလည်ခြင်း
  • သမ္မာကျမ်းစာက ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ ဝိညာဉ်ရေးစစ်ပွဲကို ဖော်ပြထားပုံ
  • ဘုရားဟာ ကျိန်ဆဲခြင်းခံ/ရှုံးနိမ့်ပြီးသော ရန်သူထက် သာ၍တန်ခိုးကြီးတယ်
  • သခင်ယေရှု အောင်နိုင်ခဲ့တဲ့ စာတန်မာရ်နတ်ရဲ့ လုပ်ဆောင်ချက် (၂) မျိုး
  • အခက်အခဲတွေကို ယေရှု၏ ချဉ်းကပ်ပုံ
  • ရန်သူစာတန်ရဲ့ လုပ်ဆောင်ပုံ နည်းဗျူဟာတွေကို နားလည်ခြင်း (၁ သက် ၂:၁၈၊ ဧဖက် ၆:၁၂၊ ၂ ကော ၁၁:၁၄)
  • အမှုတော်လုပ်ငန်းမှာ စိတ်အလိုမကျခြင်းက ဧဝံဂေလိတရားကို ဆန့်ကျင်ခြင်းမှ လာနိုင်တယ်
  • စစ်ရေးလောကအမြင်ကို နားလည်ပါ။ မာရ်နတ်အတွက်ဘယ်လို အဆုံးသတ်ပြီး ခေါင်းဆောင်များအဖြစ် ကျွန်ုပ်တို့ရဲ့ အခန်းကဏ္ဍကို နားလည်ရန်ပါ။
  • ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် လက်ဝါးကပ်တိုင်တော်အားဖြင့် နောက်ဆုံးပိတ် အောင်ပွဲကို ရရှိထားပြီး ဖြစ်သော်လည်း၊ မမြင်နိုင်သော ဝိညာဉ်လောက (လွန်ကဲသဘာဝနယ်ပယ်) တွင်မူ တိုက်ပွဲတစ်ခုသည် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။

ကိုးကားထားသောကျမ်းပိုဒ်များ

ကမ္ဘာဦး ၃၁ သက်သာလောနိတ် ၂:၁၈ ယော ၁၃:၂၇

လုကာ ၁၀:၁၈ ဧဖက် ၆:၁၂ ဧဖက် ၄:၂၆

ဒံယေလ ၁၀ ၂ ကောရိန္သု ၁၁:၁၄ ဗျာဒိတ် ၂၀:၁

ဗျာဒိတ် ၁၂:၃-၄ ၂ ကောရိန္သု ၄:၄ လုကာ ၂၂:၃၁

လုကာ ၄ တမန် ၁၀:၃၈ ၂ တိမောသေ ၂:၂၆

မာကု ၅ ယော ၁၀:၁၀

၁ ယော ၃:၈ တမန်တော် ၅:၃

နောက်ထပ်လေ့လာရန် မေးခွန်းများ

၁။ ဝိညာဉ်ရေးစစ်ပွဲရဲ့ အမှန်တရားက သင့်ရဲ့နေ့စဉ်ဘဝနှင့် အမှုတော်လုပ်ငန်းအပေါ် သင့်ရဲ့ချဉ်းကပ်ပုံကို ဘယ်လိုပြောင်းလဲစေသလဲ။

  • ၂။ သင့်အသက်တာနှင့် အမှုတော်လုပ်ငန်းမှာ ရန်သူရဲ့ လှည့်ဖြားခြင်း သို့မဟုတ် စွပ်စွဲခြင်းကို ဘယ်လို ကြုံတွေ့ခဲ့ရသလဲ။

၃။ သင့်ကိုယ်ပိုင်ဘဝနှင့် ခေါင်းဆောင်မှုအခန်းကဏ္ဍမှာ ဝိညာဉ်ရေးရာအခွင့်အာဏာကို သင်ဘယ်လို ကျင့်သုံးနိုင်မလဲ။

  • ၄။ ခရစ်တော်ရဲ့ အဆုံးသတ်အောင်ပွဲရဲ့ အာမခံချက်က ဝိညာဉ်ရေးတိုက်ပွဲများကြားမှာ သင့်ကို ဘယ်လိုခွန်အားပေးပြီး စွမ်းဆောင်နိုင်စေသလဲ။

ဆက်လက်လေ့လာရန်ကျမ်းများ

ဧဖက် ၆:၁၀-၁၈

၂ ကောရိန္သု ၁၀:၃-၅

ယာကုပ် ၄:၇

ရောမ ၈:၃၇

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်