သမ္မာကျမ်းစာ

တစ်ခုတည်းသော ဇာတ်လမ်း

ရည်ရွယ်ချက်

သမ္မာကျမ်းစာဟာ စာရေးသူများစွာပါဝင်ပေမယ့် ဇာတ်လမ်းတစ်ပုဒ်ထဲကိုသာ ရေးသားထားတဲ့ စာအုပ် ၆၆ အုပ်ဖြစ်တယ်။ ဒီသင်တန်းမှာ သမ္မာကျမ်းစာတစ်ခုလုံးရဲ့ မဟာဇာတ်ကြောင်းကြီးကို ခြုံငုံလေ့လာသွားမှာဖြစ်ပြီး၊ မတူညီတဲ့ သမိုင်းဖြစ်ရပ်တွေနဲ့ ဇာတ်ကောင်တွေဟာ ဘုရားသခင်ရဲ့ သာ၍ကြီးမားတဲ့ ဇာတ်လမ်းကြောင်းကြီးထဲမှာ ဘယ်လိုမျိုး အံဝင်ခွင်ကျ ဖြစ်နေသလဲဆိုတာကို အတူတကွ ရှာဖွေဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ အဓိကကျတဲ့ ကာလတွေ၊ လူပုဂ္ဂိုလ်နှင့် အဖြစ်အပျက်တွေကို မီးမောင်းထိုးပြပြီး သမိုင်းတစ်လျှောက် ဘုရားရဲ့ ရွေးနှုတ်ခြင်းအစီအစဉ်ကို အလေးပေးဖော်ပြထားပါတယ်။ ဒီသင်တန်းက ကမ္ဘာဦးကျမ်းထဲက ဖန်ဆင်းခြင်းကနေ အစ္စရေးလူမျိုးတွေရဲ့ ခရီးစဉ်၊ ကွဲပြားနေတဲ့ တိုင်းနိုင်ငံတွေ၊ ခရစ်တော်ရဲ့ ဘဝနှင့် နောက်ဆုံး ဗျာဒိတ်ကျမ်းအထိ ဘုရားသခင်ရဲ့ အစီအစဉ်တော်နဲ့ သမ္မာကျမ်းစာတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ ဇာတ်လမ်းကြောင်းကြီးကို အလုံးစုံ ဘက်စုံနားလည်သဘောပေါက်စေဖို့ ဤသင်တန်းက ရည်ရွယ်ပါတယ်။ ဒီအကျဉ်းချုပ်က သင့်ကို ကျမ်းစာတစ်အုပ်ချင်းရဲ့ နောက်ကွယ်မှာရှိတဲ့ ဆက်စပ်နေတဲ့ဇာတ်လမ်းတွေကို နားလည်ရန် ကူညီပေးမှာဖြစ်ပြီး၊ သမ္မာကျမ်းစာကို ပိုကြီးမားတဲ့ ထိုးထွင်းသိမြင်မှု၊ ထိရောက်မှုတို့နှင့် လေ့လာသွန်သင်နိုင်ဖို့ စွမ်းဆောင်စေမှာဖြစ်တယ်။

အကျဉ်းချုပ်

  • သမ္မာကျမ်းစာတစ်ခုလုံး၏ လွှမ်းခြုံထားသော မဟာဇာတ်ကြောင်းကြီးကို နားလည်သဘောပေါက်ခြင်း၏ အရေးကြီးပုံ
  • ကျမ်းစာ၏ အကျဉ်းချုပ်
  • အစပြုခြင်း - ဖန်ဆင်းခြင်းမှ ဗာဗေလုန်ရဲတိုက်အထိ
  • ဘိုးဘေးများ - အာဗြဟံမှ ယောသပ်အထိ
  • ထွက်မြောက်ခြင်းနှင့် လူမျိုးတစ်ခုဖွဲ့စည်းခြင်း
  • ကတိတော်ပြည်ကို သိမ်းပိုက်ခြင်း
  • တရားသူကြီးများခေတ်
  • ပေါင်းစည်းထားသောတိုင်းနိုင်ငံ - ရှောလု၊ ဒါဝိဒ်နှင့် ရှောလမုန်
  • ကွဲပြားသွားသောတိုင်းနိုင်ငံနှင့် အဝေးသို့ပို့ခြင်း (ပြည်နှင်ဒဏ်ခေတ်)
  • ပြန်လာခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း- နေဟမိနှင့် ဧဇရ
  • ခရစ်တော်၏ အသက်တာနှင့် ကနဦးအသင်းတော်ခေတ်ကာလ
  • ဗျာဒိတ်ကျမ်း- အသစ်တဖန် ပြန်လည်အစပြုခြင်း
  • နိဂုံး - သမ္မာကျမ်းစာ၏ မဟာဇာတ်ကြောင်းကြီးကို သိရှိခြင်း

ကိုးကားထားသောကျမ်းပိုဒ်များ

ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ

နောက်ထပ်လေ့လာရန် မေးခွန်းများ

၁။ ကျမ်းစာကို စုစည်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ရှုမြင်ခြင်းက သင့်ရဲ့ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းနဲ့ လေ့လာခြင်းပုံစံအပေါ် ဘယ်လိုမျိုး လွှမ်းမိုးမှုရှိစေသလဲ။

  • ၂။ စုစည်းထားတဲ့ ဇာတ်လမ်းကို သိရှိခြင်းက ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှစ်ခုလုံးမှာ ဘုရားရဲ့ ဝိသေသလက္ခဏာ တစ်သမတ်တည်းဖြစ်နေတာကို မြင်နိုင်အောင် ဘယ်လိုကူညီပေးသလဲ။
  • ၃။ သမ္မာကျမ်းစာတစ်လျှောက်လုံးမှာ ဘုရားရဲ့ လူသားနှင့် အပြန်အလှန်ဆက်ဆံမှုဇာတ်လမ်းကို နားလည်ခြင်းက တပည့်တော်ဖြစ်ခြင်းနှင့် ဝိညာဉ်ရေးကြီးထွားမှု လမ်းစဉ်အပေါ် ဘယ်လိုမျိုး
  • အသိပညာတွေ ပေးစွမ်းနိုင်သလဲ။
  • ၄။ သမ္မာကျမ်းစာရဲ့ မဟာဇာတ်ကြောင်းကြီးကို ရှင်းလင်းစွာ နားလည်သဘောပေါက်ခြင်းက ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ယုံကြည်ခြင်းနဲ့ အသင်းတော်အမှုတော်မြတ် လုပ်ငန်းတွေအပေါ် ဘယ်လိုမျိုး သက်ရောက်မှုရှိနိုင်သလဲ။

ဆက်လက်လေ့လာရန်ကျမ်းများ

ဟေဗြဲ ၁၁

ရောမ ၁၅:၄

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်