ဆက်သွယ်ရေး

နားထောင်ခြင်းအနုပညာ

ရည်ရွယ်ချက်

ဤသင်တန်းသည် ထိရောက်ထက်မြက်သော ခေါင်းဆောင်မှုအတွက် အခြေခံအကျဆုံး အရည်အချင်းတစ်ခုဖြစ်သည့် "နားထောင်ခြင်း" ၏ အရေးကြီးပုံကို အဓိက ဖော်ပြပေးထားပါသည်။ အရာခပ်သိမ်းကို သိမြင်တော်မူသော သခင်ယေရှုကိုယ်တိုင်သည် လူသားများနှင့် ထိတွေ့ဆက်ဆံရန်နှင့် သူတို့ကို နားလည်ပေးနိုင်ရန် မေးခွန်းများမေးခြင်းအားဖြင့် နားထောင်ခြင်းဆိုင်ရာ စံနမူနာကောင်းကို ပြသခဲ့ပါသည်။ ကျွန်ုပ်တို့သည် နားထောင်ခြင်းစွမ်းရည် မြင့်မားလာစေရန် လက်တွေ့ကျသော အကြံပြုချက်အချို့ကို အလေးပေး ဆွေးနွေးသွားမည် ဖြစ်သည်။ ခေါင်းဆောင်များသည် နားထောင်ခြင်းအနုပညာကို ပိုင်နိုင်စွာ တတ်မြောက်ခြင်းအားဖြင့် အချင်းချင်း အပြန်အလှန် နားလည်မှုနှင့် နက်ရှိုင်းသော ချိတ်ဆက်မှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

အကျဥ်းချုပ်

  • နားထောင်ခြင်းရဲ့ အရေးပါမှု
  • ထိရောက်စွာနားထောင်ခြင်းအတွက် လက်တွေ့ကျသော အကြံပေးချက်များ
  • မိမိအမှန်တကယ် နားထောင်နေကြောင်း တစ်ပါးသူ သိရှိအောင် ပြုလုပ်ပါ။
  • အာရုံပျံလွင့်စေမယ့်အရာတွေကို ဖယ်ရှားပါ
  • တုံ့ပြန်ရန်မဟုတ်ဘဲ နားလည်ပေးနိုင်ရန် အာရုံစိုက်ပါ
  • တစ်ပါးသူ၏ ခံစားချက်များကို အသိအမှတ်ပြု တန်ဖိုးထားပေးပါ။
  • စာနာစိတ်နှင့် နားထောင်ပါ
  • ပွင့်လင်းသော စိတ်ထားဖြင့် နားထောင်ပါ။
  • ကောင်းမွန်သော မေးခွန်းများကို မေးမြန်းပါ။
  • နက်နက်ရှိုင်းရှိုင်း စည်းလုံးမှုနှင့် အပြန်အလှန် နားလည်သဘောပေါက်ခြင်း

ကိုးကားထားသောကျမ်းပိုဒ်များ

သုတ္တံ ၁၉:၁၃

နောက်ထပ်လေ့လာရန်မေးခွန်းများ

၁။ သင်ပြောသမျှကို တစ်ပါးသူက တလေးတစားနဲ့ အမှန်တကယ် နားထောင်ပေးခဲ့တဲ့ မကြာသေးခင်က စကားဝိုင်းတစ်ခုအကြောင်းကို ပြန်လည်စဉ်းစားကြည့်ပါ။ တစ်ပါးသူရဲ့ ဘယ်လိုလုပ်ဆောင်ချက်က သင့်ကို အသိအမှတ်ပြုခံရတယ်၊ နားလည်ပေးတယ်လို့ ခံစားရစေသလဲ။

၂။ ထိရောက်စွာ နားထောင်ခြင်းကို နှောင့်နှေးပိတ်ဆို့စေတဲ့ အဓိက အဖြစ်များတဲ့ အတားအဆီးအချို့က ဘာတွေဖြစ်မလဲ။ အဲဒီအရာတွေကို သင် ဘယ်လိုမျိုး ကျော်လွှားဖြေရှင်းမလဲ။

  • ၃။ သင့်ရဲ့ နားထောင်ခြင်း စွမ်းရည်ကို ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ သင်လက်တွေ့ စတင်လုပ်ဆောင်နိုင်မယ့် နည်းလမ်း (၁) ခု သို့မဟုတ် (၂) ခုက ဘာတွေဖြစ်မလဲ။

ဆက်လက်လေ့လာရန်ကျမ်းများ

ယာကုပ် ၁:၁၉

ရောမ ၁၂:၁၀

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်