ပဋိပက္ခ
စကားလုံးများဖြင့် ပဋိပက္ခဖြေရှင်းခြင်း
ရည်ရွယ်ချက်
ပဋိပက္ခ အခက်အခဲတိုင်းဟာ ကြီးထွားရင့်ကျက်လာဖို့အတွက် အဖိုးတန်တဲ့ အခွင့်အရေးတွေ ဖြစ်ပါတယ်။ ဤသင်တန်းသည် ထိရောက်သော ဆက်သွယ်ပြောဆိုမှုများအားဖြင့် ပဋိပက္ခများကို မည်သို့ဖြေရှင်းကုစား ရမည်ဆိုသည့် နည်းလမ်းများကို ဖော်ထုတ်ပြသပေးထားသည်။ သုတ္တံကျမ်းထဲမှာ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းအဖြစ် “နားလည်မှုရရှိရန် နားထောင်ခြင်း (Listen to connect)၊ ၊ အမှန်တရားကို နူးညံ့သိမ်မွေ့စွာ ပြောဆိုခြင်း (Speak truth gently) ၊ အသက်ကိုပေးနိုင်တဲ့ စကားလုံးများကို အသုံးပြုခြင်း (Use life-giving words)” ဆိုတဲ့ အဆင့်သုံးဆင့်ပါတဲ့ ပုံစံကို ပေးထားပါတယ်။ ခေါင်းဆောင်များသည် ဤဆက်သွယ်ရေးစွမ်းရည်များကို အသုံးပြုခြင်းအားဖြင့် ပဋိပက္ခများကို ထိရောက်စွာ ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး သာ၍စည်းလုံးညီညွှတ်ကာ အသီးအပွင့် ဝေဆာစေမည့် အမှုတော်မြတ် (Ministry) ဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။
အကျဉ်းချုပ်
- အမှုတော်လုပ်ငန်းမှာ ပြောဆိုဆက်သွယ်ခြင်းရဲ့ အရေးပါမှု
- ထိရောက်သော ပြောဆိုဆက်သွယ်ရေးအတွက် အဆင့်သုံးဆင့်
- နားထောင်ပေးပါ
- အမှန်တရားကိုပြောဆိုပါ
- အသက်ကိုပေးသောစကားလုံးများ၏စွမ်းအား
- ထိရောက်သော ဆက်သွယ်ပြောဆိုမှုအတွက် လက်တွေ့အသုံးပြုနိုင်မည့် အသက်ပေးစကားစုများ
- သင့်နှုတ်ထွက်စကားများအားဖြင့် ပဋိပက္ခများကို ဖြေရှင်းကုစားပါ
ကိုးကားထားသောကျမ်းပိုဒ်များ
သုတ္တံ ၁၈:၂၁
သုတ္တံ ၁၇:၂၈
သုတ္တံ ၁၈:၁၃
သုတ္တံ ၁၂:၂၂
သုတ္တံ ၂၈:၁၃
သုတ္တံ ၁၇:၁၇
သုတ္တံ ၁၅:၁
သုတ္တံ ၁၉:၁၁
သုတ္တံ ၁၅:၂၂
သုတ္တံ ၁၅:၄
သုတ္တံ ၁၀:၁၁
ဆာလံ ၁၉:၁၄
နောက်ထပ်လေ့လာရန်မေးခွန်းများ
၁။ မကြာသေးခင်က ကြုံတွေ့ခဲ့ရတဲ့ ပဋိပက္ခ (အငြင်းပွားမှု) တစ်ခုကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ အဲဒီအခြေအနေကို ပိုမိုကောင်းမွန်အောင် ပြုပြင်ဖို့အတွက် "နားထောင်ခြင်း၊ သမ္မာတရားကိုပြောဆိုခြင်းနဲ့ အသက်ပေးစကားစုများအသုံးပြုခြင်း" ဆိုတဲ့ စံနမူနာပုံစံကို ဘယ်လိုမျိုး လက်တွေ့ကျကျ အသုံးချခဲ့သင့်သလဲ။
၂။ တစ်ပါးသူရဲ့ နှလုံးသားခံစားချက်နဲ့ ဆက်သွယ်မိစေဖို့ (နားလည်မှုရရှိဖို့) ရည်ရွယ်ချက်နဲ့ နားထောင်တတ်တဲ့ အလေ့အထကောင်းတစ်ခု ဖြစ်ပေါ်လာအောင် ဘယ်လိုလက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ပျိုးထောင်နိုင်မလဲ။
၃။ ဖော်ပြပါ အသက်ပေးစကားစုတွေထဲက ဘယ်စကားစုမျိုးကို ဒီတစ်ပတ်အတွင်း သင့်ရဲ့ ဆက်သွယ်ပြောဆိုမှုတွေမှာ စတင်အသုံးပြုမလဲ။
ဆက်လက်လေ့လာရန်ကျမ်းများ
ယာကုပ် ၁:၁၉
ဧဖက် ၄:၂၉
ကောလောသဲ ၄:၆
မဿဲ ၁၈:၁၅