တန်ခိုးအပ်နှင်းခံရခြင်း

အစေခံသော လုပ်ပိုင်ခွင့်အာဏာ

ရည်ရွယ်ချက်

ဤသင်တန်းသည် ယေရှုခရစ်တော် ကိုယ်တိုင်ပုံသက်သေပြခဲ့သည့် "အစေခံသော လုပ်ပိုင်ခွင့်အာဏာ" (Servant Authority) အကြောင်း ဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော်တွင် စစ်မှန်သော ခေါင်းဆောင်မှုဟူသည် စိတ်နှိမ့်ချခြင်း၊ အစေခံခြင်းနှင့် ကိုယ်ကျိုးစွန့်ခြင်းတို့ဖြင့် ထင်ရှားရမည်ဟူသော အမြင်ကို ဤသင်တန်းက အလေးပေးဖော်ပြထားသည်။ ယောဟန် ၁၃ ရှိ ယေရှု၏ လုပ်ဆောင်ချက်များကို လေ့လာခြင်းအားဖြင့် ဘုရား၌ မိမိရဲ့ ဖြစ်တည်မှု (Identity) ကို သိရှိခြင်း၊ ကျေးဇူးတော်ကို အခြားသူများထံ ဝေမျှခြင်း၊ အစေခံလိုသော စိတ်သဘောထားကို လက်ခံကျင့်သုံးခြင်းတို့၏ အရေးကြီးပုံကို သိရှိလာမည် ဖြစ်သည်။ သင်သည် ယေရှု၏ စံနမူနာအတိုင်း လိုက်လျှောက်အသက်ရှင်တဲ့အခါ ဘုရားရဲ့ ဝိညာဉ်တော်က သင်ကတဆင့် အလုပ် လုပ်မှာဖြစ်ပြီး ရေရှည်တည်တံ့တဲ့ အကျိုးသက်ရောက်မှုကို ဖန်တီးပေးမှာဖြစ်တယ်။

အကျဉ်းချုပ်

  • လောကီလုပ်ပိုင်ခွင့်နှင့် ဘုရားသခင်နိုင်ငံတော်၏ လုပ်ပိုင်ခွင့်အာဏာ တို့၏ ကွာခြားမှု
  • အစေခံခြင်းအခွင့်အာဏာ၏ အခြေခံမူများ
  • ဘုရားပေးထားသည့် မိမိဖြစ်တည်ခြင်း၌ နေထိုင်ခြင်း
  • ကျွန်ုပ်တို့မှတဆင့် အခြားသူများထံ စီးဆင်းသော ကျေးဇူးတော်
  • ယေရှုထံသို့ ပို့ဆောင်ပေးသည့် နည်းလမ်းတစ်ခုအဖြစ် အခြားသူများအား အစေခံခြင်း
  • အစေခံသော ခေါင်းဆောင်မှုအားဖြင့် ဘုရားရဲ ကောင်းကြီးမင်္ဂလာကို လက်ခံရရှိခြင်း
  • နိုင်ငံတော်တွင် မိမိ၏ နေရာကို နားလည်သဘောပေါက်ခြင်း
  • အစေခံခြင်းအခွင့်အာဏာ၏ လက်တွေ့လုပ်ဆောင်ချက်များ (ယေရှု စံနမူနာပြခဲ့သည့်အတိုင်း)
  • အစေခံတစ်ဦးရဲ့ ဖြစ်တည်မှုကို ခံယူခြင်း (ပဝါကို ခါး၌စည်းခြင်း)
  • အစေခံခြင်းလုပ်ငန်းကို လက်တွေ့လုပ်ဆောင်ခြင်း (ခြေဆေးခြင်း)
  • ဘုရားပေးထားတဲ့ အခွင့်အာဏာကို ပြန်လည်ရယူခြင်း
  • သာသနာလုပ်ငန်းတွင် ရှိနေသူများ (ဆက်ဆံရခက်ခဲသူများ အပါအဝင်) ၏ "ခြေ" ကို ဆေးပေးခြင်း

ကိုးကားထားသောကျမ်းပိုဒ်များ

၂ ပေတရု ၁:၃

ယောဟန် ၁၃:၃-၁၇

နောက်ထပ်လေ့လာရန် မေးခွန်းများ

၁။ သင်သည် ဘုရားသခင်နိုင်ငံတော်၏ လုပ်ပိုင်ခွင့်အာဏာ (Kingdom authority) ကို အမှီပြုမည့်အစား မိမိကိုယ်ပိုင်အာဏာ သို့မဟုတ် လောကီလုပ်ပိုင်ခွင့်အာဏာ (worldly authority) ကို အမှီပြုမိနေသည့် အချက်များ ရှိပါသလား။

၂။ သင်၏ ခေါင်းဆောင်မှုကဏ္ဍတွင် အစေခံသော လုပ်ပိုင်ခွင့်အာဏာ (servant authority) ၏ မူဝါဒများကို မည်သည့် လက်တွေ့ကျသော နည်းလမ်းများဖြင့် အသုံးချနိုင်မည်နည်း။

  • ၃။ သင်၏ သာသနာလုပ်ငန်းတွင် ရှိသော ပေတရု သို့မဟုတ် ယုဒရှကာရုတ်ကဲ့သို့ (ဆက်ဆံရ သို့မဟုတ် အစေခံရ) ခက်ခဲသောသူများကို သင် မည်သို့ အစေခံနိုင်မည်နည်း။ ဤရက်သတ္တပတ်အတွင်း မည်သည့် လက်တွေ့ကျသော လုပ်ဆောင်ချက်ကို သင် လုပ်ဆောင်နိုင်မည်နည်း။

၄။ အစေခံသော ခေါင်းဆောင်မှုကို လက်တွေ့အကောင်အထည်ဖော်ရာတွင် သင်သည် မည်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလေ့ရှိသနည်း။ ၎င်းတို့ကို မည်သို့ ကျော်လွှားနိုင်မည်နည်း။

ဆက်လက်လေ့လာရန်ကျမ်းများ

ယောဟန် ၁၂

မဿဲ ၂၀:၂၀-၂၈

မာကု ၁၀:၄၂-၄၅

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်