ပုဂ္ဂိုလ်ရေး တိုးတက်မှု

တိုးတက်ကြီးထွားမှုအတွက် ယေရှု၏ စံနမူနာ

ရည်ရွယ်ချက်

ခေါင်းဆောင်တွေအတွက် တကိုယ်ရေ ဖွံ့ဖြိုးတိုးတက်မှုက မဖြစ်မနေလိုအပ်ပါတယ်။ သခင်ယေရှုကိုယ်တိုင်သည် မိမိ၏အသက်တာ တိုးတက်ကြီးထွားမှုကို ဦးစားပေးခဲ့သကဲ့သို့ပင်၊ ဤသင်တန်းသည်လည်း ခေါင်းဆောင်များအား ကြီးထွားမှုကို အသက်ထက်ဆုံး ကြိုးပမ်းသွားကြဖို့ စိန်ခေါ်ထားပါသည်။ ဤသင်တန်းတွင် ခေါင်းဆောင်များ မဖြစ်မနေ ဦးစားပေးရမည့် အဓိက တိုးတက်ကြီးထွားမှု ကဏ္ဍကြီး (၄) ရပ်ကို မီးမောင်းထိုးပြထားသည်။ ၎င်းအပြင် ယခုမိမိရောက်ရှိနေသော 'ဝိညာဉ်ရေးရာတိုးတက်ကြီးထွားမှု အချိန်ရာသီ (Season)' ကို ခွဲခြားသိမြင်နိုင်ရန်နှင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေပြီး သင့်ခေါင်းဆောင်မှုကို ပိုမိုအားကောင်းမွန်စေမည့် အစဉ်မပြတ် ဖွံ့ဖြိုးတိုးတက်သော အသက်တာလမ်းစဉ် (Lifestyle) ကို ပျိုးထောင်နိုင်ရန် ဤသင်ရိုးညွှန်းတမ်းက သင့်အား စွမ်းရည်မြှင့်တင် စီမံပေးသွားမည် ဖြစ်သည်။

အကျဉ်းချုပ်

  • ခရစ်ယာန်ခေါင်းဆောင်တွေအတွက် တကိုယ်ရည်ဖွံဖြိုးတိုးတက်မှုက မရှိမဖြစ်လိုအပ်တယ်
  • တကိုယ်ရေ ဖွံ့ဖြိုးတိုးတက်ခြင်းရဲ့ အခြေခံအုတ်မြစ်
  • ဉာဏ်ပညာ (Wisdom) - စဉ်ဆက်မပြတ် သင်ယူခြင်းနှင့် သင့်အတွေးအခေါ်ကို တိုးတက်စေခြင်း
  • ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု (Physical Stature) - မိမိ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို စနစ်တကျ ဂရုစိုက်ထိန်းသိမ်းခြင်း။
  • ဘုရားမျက်နှာသာ (Favor with God) - ဘုရားသခင်နှင့် ဝိညာဉ်ရေးရာ နီးကပ်စွာ မိသဟာယဖွဲ့ခြင်းကို ဦးစားပေးခြင်း။
  • အခြားသူများ ရှေ့ ၌ မျက်နှာသာရခြင်း (Favor with Others) - ကျန်းမာသော ပတ်ဝန်းကျင် ဆက်ဆံရေးများနှင့် လူ့အဖွဲ့အစည်းကို ပြုစုပျိုးထောင်ခြင်း။
  • လက်ရှိမိမိဝိညာဥ်ရေးရာအခြေအနေ/ရာသီ နှင့် အကိုက်ညီဆုံးဖြစ်မည့် တိုးတက်ကြီးထွားမှု ကဏ္ဍကို ဦးစားပေး လုပ်ဆောင်ပါ။
  • မိမိ၏ အရှိန်ကို တစ်ဟုန်ထိုး မဟုတ်ဘဲ ပုံမှန်သွားပါ ၊ အကြောင်းမှာ တိုးတက်ကြီးထွားခြင်းသည် တစ်သက်တာလုံး သွားရမည့် လမ်းစဉ်ဖြစ်သောကြောင့် ဖြစ်သည်။ (Pace yourself; growth is a lifelong process)
  • မိမိကိုယ်ပိုင် အတတ်ပညာ ဗဟုသုတများကို ကျယ်ပြန့်အောင် ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ အခြားသူများနှင့် အတူတကွ ပူးပေါင်းခြင်းဖြင့်လည်းကောင်း တိုးတက်ကြီးထွားအောင် ပြုလုပ်ပါ။

ကိုးကားထားသောကျမ်းပိုဒ်များ

လုကာ ၂:၅၂

မာကု ၁၄

တမန်တော်ဝတ္ထု ၁၃:၁-၃

နောက်ထပ်လေ့လာရန်မေးခွန်းများ

  • ၁။ ကြီးထွားမှုနယ်ပယ်လေးခု (ဉာဏ်ပညာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးရာ၊ လူမှုရေး) တို့မှာ လတ်တလော သင့်အသက်တာနှင့် အမှုတော်လုပ်ငန်းအတွက် ဘယ်အပိုင်းကို အာရုံစိုက်ဖို့ အလိုအပ်ဆုံးလို့ ခံစားရသလဲ။

၂။ အမှုတော်လုပ်ငန်းမှာ အရေးပေါ်လိုအပ်ချက်တွေနှင့် ရင်ဆိုင်နေရတဲ့အခါမှာပင်လျှင် ဘုရားနှင့် သင့်ရဲ့ ရင်းနှီးကျွမ်းဝင်မှုကို ကာကွယ်ရန်နှင့် ပြုစုပျိုးထောင်ရန် လက်တွေ့ကျတဲ့ ဘယ်လိုခြေလှမ်းမျိုးကို သင်လုပ်ဆောင်နိုင်သလဲ။

၃။ သင့်ရဲ့ တကိုယ်ရေ ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းခြင်းက သင့်ရဲ့ခေါ်ခြင်း၊ ပြီးတော့သင့်အမှုတော်လုပ်ငန်းရဲ့ ရည်မှန်းချက်တွေနှင့် ဆက်လက်ဟန်ချက်ညီနေပြီး ကိုက်ညီစေဖို့ ဘယ်လိုသေချာစေနိုင်မလဲ။

ဆက်လက်လေ့လာရန်ကျမ်းများ

တမန်တော်ဝတ္ထု ၁၃:၁-၃

ရောမ ၁၂:၁-၂

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်