ယုံကြည်ခြင်း
ယုံကြည်ခြင်းကို မြှင့်တင်ခြင်း
ရည်ရွယ်ချက်
ယုံကြည်ခြင်းဆိုတာ စိတ်နှလုံးသား၊ လက်တွေ့လုပ်ဆောင်မှုတို့နှင့် သက်ဆိုင်သောအရာ ဖြစ်သည်။ ဤသင်တန်းတွင် ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်နှင့် တွေ့ဆုံပြီးနောက် မာရိ၊ ယောဟန်နှင့် သောမတို့၏ ပြောင်းလဲလာသော ဘဝခရီးစဉ်များကို ကျွန်ုပ်တို့ အတူတကွ လေ့လာကြမည်ဖြစ်သည်။
သူတို့ရဲ့ ဇာတ်လမ်းတွေကနေတဆင့် သံသယကို အောင်နိုင်ဖို့ အားကောင်းတဲ့နည်းလမ်းသုံးခုကို အတူဖော်ထုတ် သွားမည် ဖြစ်သည်။ ၎င်းတို့မှာ - ယေရှုနှင့် နှလုံးသားချင်းချင်း ဆုံတွေ့ခြင်း (ဗျာဒိတ်တော်/ဘုရားသခင် ဖော်ပြခြင်း) ၊ အမှန်တရားဖြင့် စိတ်နှလုံးကို အသစ်ပြုပြင်ခြင်း (စူးစမ်းလေ့လာမှု) နှင့် လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့်ယှဉ်သောစိတ်ဆန္ဒ (ပူးပေါင်းပါဝင်မှု) တို့ဖြစ်ပါသည်။ ဤသင်တန်းသည် သက်ဝင်လှုပ်ရှားပြီး ဘဝကိုပြောင်းလဲစေမည့် ယုံကြည်ခြင်းသို့ လျှောက်လှမ်းရန် ဖိတ်ခေါ်ချက်တစ်ခု ဖြစ်သည်။
အကျဉ်းချုပ်
- သံသယဟူသည် ခရစ်ယာန်များအတွက် ကြုံတွေ့လေ့ရှိသော အရာတစ်ခု ဖြစ်သည်
- ကျမ်းစာထဲက သံသယနှင့် ဆိုင်တဲ့ဥပမာများ
- ယုံကြည်ခြင်းတိုက်ပွဲ
- မာရိ၏ဇာတ်လမ်း - ဘုရားသခင်ဖော်ပြခြင်းဖြင့် သံသယကို ကျော်လွှားခြင်း
- ယောဟန်၏ဇာတ်လမ်း - စူးစမ်းလေ့လာခြင်းဖြင့် သံသယကို ကျော်လွှားခြင်း
- သောမ၏ဇာတ်လမ်း - ပူးပေါင်းပါဝင်မှုဖြင့် သံသယကို ကျော်လွှားခြင်း
- ရှင်ပြန်ထမြောက်ခြင်း၏ တန်ခိုး၌ အသက်ရှင်ပါ
ကိုးကားထားသောကျမ်းပိုဒ်များ
လုကာ ၁၈:၈
၁ တိမောသေ ၆:၁၂
ယောဟန် ၂၀
ဟေဗြဲ ၁၂:၂
ဟေဗြဲ ၁၁:၆
ဆာလံ ၅:၃
သုတ္တံ ၂၂:၁၈
ယာကုပ် ၂:၁၇
ဟောရှေ ၆:၂
နောက်ထပ်လေ့လာရန်မေးခွန်းများ
၁။ မာရိ၊ ယောဟန်နှင့် သောမတို့ သုံးဦးရဲ့ သံသယဥပမာတွေထဲမှာ သင်သည် မည်သူနှင့် မိမိကိုယ်ကိုယ် အတူဆုံးဟု ခံစားရသနည်း။ ဘာကြောင့်လဲ။
၂။ သံသယဖြစ်ရမည့် အချိန်မျိုးတွင် ယေရှုနှင့် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးကို ပျိုးထောင်ရန်နှင့် ကိုယ်တော်ကို ပိုမိုကိုးစားရန် မည်သည့် လက်တွေ့ကျသော ခြေလှမ်းများကို သင်လုပ်ဆောင်နိုင်သနည်း။
၃။ ဗျာဒိတ်တော်/ဘုရားသခင် ဖော်ပြခြင်း (revelation)၊ ရှာဖွေစုံစမ်းခြင်း (investigation) နှင့် ပါဝင်လုပ်ဆောင်ခြင်း (participation) ဆိုင်ရာ မူဝါဒများကို သင့်ကိုယ်ပိုင် သံသယဖြစ်မှု တိုက်ပွဲများတွင် မည်သို့ လက်တွေ့ကျကျ အသုံးချနိုင်မည်နည်း။
ဆက်လက်လေ့လာရန်ကျမ်းများ
ဟေဗြဲ ၄:၁၆
မဿဲ ၁၄:၂၂-၃၃