ဩဇာလွှမ်းမိုးမှု
အပြောင်းအလဲကို ဦးဆောင်ခြင်း
ရည်ရွယ်ချက်
ကျွန်တော်တို့ရဲ့ အမှုတော်လုပ်ငန်းမှာ လူတွေ အသက်တာပြောင်းလဲလာသည်ကို မြင်တွေ့လိုကြသည်။ ဒါပေမယ့် ပြောင်းလဲမှုက ကျွန်တော်တို့ကြုံတွေ့ရတဲ့ အခက်ခဲဆုံးအရာတွေထဲက တစ်ခုဖြစ်တယ်။ ထိရောက် ထက်မြက်သော ခေါင်းဆောင်မှုဖြင့် တစ်ဦးချင်း၏ စိတ်ခံစားမှု၊ မဟာဗျူဟာနှင့် အခြေအနေဆိုင်ရာ လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းသည့်အခါတွင် ပြောင်းလဲမှု ဖြစ်ပေါ် လာပါသည်။ ခေါင်းဆောင်များသည် ဤအခြေခံကဏ္ဍ (၃) ရပ်ကို ခွဲခြားသိမြင်ပြီး ဖြည့်ဆည်းပေးခြင်းအားဖြင့် မိမိတို့၏ အဖွဲ့သားများကို အသက်တာပြောင်းလဲခြင်းနှင့် ကြီးထွားရင့်ကျက်ခြင်းတို့ကို ဝမ်းမြောက်စွာ လက်ခံလာနိုင်ရန် ခွန်အားပေးနိုင်မည် ဖြစ်သည်။ ၎င်းအပြင် လူသားများကို အပြောင်းအလဲဖြစ်လာအောင် ထိရောက်စွာ လမ်းပြဦးဆောင်ခြင်းသည် အဖွဲ့ဝင်တစ်ဦးချင်းစီအတွက်သာမက ခေါင်းဆောင်ကိုယ်တိုင်အတွက်ပါ ကောင်းချီးမင်္ဂလာများကို ဆောင်ကြဉ်းပေးပါသည်။
အကျဉ်းချုပ်
- ခေါင်းဆောင်မှုဆိုသည်မှာ လူသားများကို အပြောင်းအလဲဆီသို့ လမ်းပြဦးဆောင်ခြင်း ဖြစ်သည်
- ပြောင်းလဲမှုအတွက် ဦးတည်လုပ်ဆောင်ရမည့် ကဏ္ဍ (၃) ရပ် -
- ခံစားချက်ပိုင်းဆိုင်ရာ (Emotionally) - စိတ်ဓာတ်ခွန်အားပေးခြင်းနှင့် စိတ်အားထက်သန်မှု ဖြစ်စေခြင်း။ (Inspire and motivate.)
- မဟာဗျူဟာပိုင်းဆိုင်ရာ (Strategically) - ရှင်းလင်းပြတ်သားသော ခြေလှမ်းများနှင့် နားလည်သဘောပေါက်မှုများကို ပံ့ပိုးပေးခြင်း။ (Provide clear steps and understanding.)
- အခြေအနေအရ (Situationally) - အပြောင်းအလဲဖြစ်စေရန် လွယ်ကူချောမွေ့စေမည့် ပတ်ဝန်းကျင်အခြေအနေကို ပြုပြင်ပြောင်းလဲပေးခြင်း။ (Adjust the environment to facilitate change.)
- အပြောင်းအလဲဆီသို့ လမ်းပြဦးဆောင်ရန်အတွက် စွမ်းရည်မြှင့်တင်ပေးခြင်းဆိုင်ရာ အကြံပြုချက်များ
- အပြောင်းအလဲ ဖြစ်ပေါ်ခြင်းကို ပိတ်ဆို့နေသည့် အဟန့်အတားများကို ဖယ်ရှားခြင်း
- အပြောင်းအလဲဆီသို့ ထိရောက်စွာ လမ်းပြဦးဆောင်ခြင်းသည် သူတပါးအတွက် ကောင်းချီး မင်္ဂလာတစ်ခုဖြစ်ပြီး ခေါင်းဆောင်မှု၏ တာဝန်ဝတ္တရားလည်း ဖြစ်သည်
ကိုးကားထားသောကျမ်းပိုဒ်များ
ဟေရှာယ ၅၇:၁၄
နောက်ထပ်လေ့လာရန် မေးခွန်းများ
၁။ သင်ဦးဆောင်နေတဲ့ လူတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်တွေကို အမြင့်ဆုံးအဆင့်အထိ ရောက်ရှိလာစေဖို့ သူတို့ရဲ့ အရည်အချင်းနဲ့ ကွက်တိဖြစ်မယ့် နေရာ/အခန်းကဏ္ဍတွေမှာ မဟာဗျူဟာမြောက် ဘယ်လိုမျိုး စနစ်တကျ နေရာချထားပေးမလဲ။
- ၂။ သင့်အမှုတော်လုပ်ငန်းထဲမှာ မဟာဗျူဟာမြောက်ပြောင်းလဲမှုတွေ လွယ်ကူချောမွေ့စေဖို့ သင့်ရဲ့ ညွှန်ကြားချက်တွေကို ရှင်းလင်းပြတ်သားပြီး မှတ်မိလွယ်အောင် ဘယ်လို နည်းလမ်း တွေနှင့် တိုးတက်ကောင်းမွန်စေနိုင်မလဲ။
၃။ သင်ဦးဆောင်နေတဲ့လူတွေက ပြောင်းလဲမှုကို လက်ခံယုံကြည်လို့မရအောင် တားဆီးနေတဲ့ အတားအဆီးတွေကို ဘယ်လို ဖော်ထုတ်ပြီး ဖယ်ရှားနိုင်မလဲ။
ဆက်လက်လေ့လာရန်ကျမ်းများ
ရောမ ၁၂:၂
၁ ကောရိန္သု ၁၂:၄-၇