ဩဇာလွှမ်းမိုးမှု

လူများယုံကြည်ကိုးစားသော ခေါင်းဆောင်

ရည်ရွယ်ချက်

အခြားသူတွေ အကြွင်းမဲ့ ယုံကြည်ကိုးစားနိုင်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ ဘယ်လိုမျိုး ကြိုးစားအားထုတ်ရမလဲ။ ဤသင်တန်းမှာတော့ ကျွန်ုပ်တို့ဟာ ခေါင်းဆောင်မှုကဏ္ဍမှာ 'ယုံကြည်မှု (Trust)' တည်ဆောက်ခြင်းရဲ့ မရှိမဖြစ် အရေးကြီးပုံကို နက်နက်ရှိုင်းရှိုင်း လေ့လာသွားမှာ ဖြစ်ပါတယ်။ ယောဟန် ၁၀ ထဲက သခင်ယေရှုရဲ့ စံနမူနာတော်ကို ကြည့်ခြင်းအားဖြင့်—လူသားတွေဟာ စစ်မှန်တဲ့ ကိုယ်ကျင့်တရား (Integrity)၊ ကျွမ်းကျင်ထက်မြက်တဲ့ စွမ်းဆောင်ရည် (Competence) နဲ့ သက်သေပြပြီးသား အတွေ့အကြုံ (Proven Experience) ရှိရုံတင်မကဘဲ သူတို့အတွက် အမှန်တကယ် အပြည့်အဝ ရပ်တည်ပေးတဲ့ ခေါင်းဆောင်မျိုးကိုသာ ယုံကြည်ကိုးစားတတ်ကြကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီအရည်အသွေးတွေကို ပြသခြင်းဖြင့် ခေါင်းဆာင်တွေဟာ အခြားသူတွေနှင့် ခိုင်မာတဲ့ဆက်ဆံရေးတွေ တည်ဆောက်ပြီး သူတို့ကို ဘုရားပေးထားတဲ့ ရည်ရွယ်ချက် ပြည့်စုံစေဖို့ တိုးတက်ကြီးပွားအောင် စွမ်းဆောင်ပေးနိုင် မှာ ဖြစ်ပါတယ်။ ယုံကြည်မှုကို အခိုင်အမာ တည်ဆောက်ပေးတဲ့ သခင်ယေရှုရဲ့ ဤခေါင်းဆောင်မှုပုံစံတော်ဟာ အခြားသူတွေ ဝမ်းမြောက်စွာ နောက်တော်သို့ လိုက်လျှောက်လာစေဖို့ ဆွဲဆောင်နိုင်တဲ့ အဓိကသော့ချက်ပင် ဖြစ်ပါတယ်။

အကျဉ်းချုပ်

  • အမှုတော်လုပ်ငန်းမှာ ယုံကြည်မှုသည် မရှိမဖြစ် လိုအပ်ပါသည်။
  • ယောဟန် ၁၀ တွင် ယုံကြည်စိတ်ချရသော ခေါင်းဆောင်မှုကို ရှင်းလင်းပြသရန် "သိုးထိန်းဥပမာ" ကို အသုံးပြုထားသည်။
  • ယုံကြည်စိတ်ချရတဲ့ ခေါင်းဆောင်တစ်ဦးရဲ့ ဝိသေသလက္ခဏာလေးခု —
  • မိမိ၏ အဖွဲ့သားများကို နားလည်ခြင်း - သူတို့၏ နာမည်ကို သိရှိခြင်း၊ သူတို့ရဲ့ ဖြစ်တည် ခြင်းကို ပြောပြနိုင်ခြင်း နှင့် မိမိကိုယ်တိုင်ကလည်း ချဉ်းကပ်ရလွယ်ကူသူ ဖြစ်ခြင်း။
  • သူတို့အတွက် အပြည့်အဝ ရပ်တည်ပေးခြင်း - ကြွယ်ဝသော ဘဝသို့ ဦးဆောင်ပေးခြင်း၊ သူတို့၏ လိုအပ်ချက်များကို ဦးစားပေးခြင်းနှင့် သူတို့ကို ဝိညာဉ်ရေးရာ စွမ်းရည်မြှင့်တင်ပေးခြင်း။
  • ကောင်းမြတ်ခြင်းရှိခြင်း - သမာဓိ(Integrity) ရှိကြောင်း ပြသခြင်း၊ မိမိ၏ နှုတ်ထွက်စကား၊ လုပ်ရပ်နှင့် ယုံကြည်ချက်တို့ကို တထပ်တည်း ကိုက်ညီအောင် ရှင်သန်ခြင်း။
  • ကိုယ်ကျိုးစွန့်သော အခွင့်အာဏာကို ကျင့်သုံးခြင်း - မိမိ၏ တန်ခိုးစွမ်းအားနှင့် အခွင့်အာဏာကို အခြားသူများကို ချုပ်ကိုင်ရန်အတွက် မဟုတ်ဘဲ အစေခံရန်အတွက်သာ အသုံးပြုခြင်း။
  • ယေရှုက တပည့်တော်တွေအတွက် ဖြစ်ခဲ့သလို၊ သင်လည်း အခြားသူများအတွက် ဖြစ်ပါစေ

ကိုးကားထားသောကျမ်းပိုဒ်များ

ယောဟန် ၁၀:၁-၁၈

ဟေဗြဲ ၁၃:၂၀

နောက်ထပ်လေ့လာရန် မေးခွန်းများ

၁။ သင်ကိုယ်တိုင် အပြည့်အဝ ယုံကြည်ကိုးစားရတဲ့ ခေါင်းဆောင်တစ်ဦးအကြောင်းကို စဉ်းစားကြည့်ပါ။ အထက်ဖော်ပြပါ စရိုက်လက္ခဏာတွေထဲက ဘယ်လိုအရည်အသွေးမျိုးကို သူတို့ လက်တွေ့ပြသခဲ့သလဲ။

၂။ သင့်ရဲ့ ကိုယ်ပိုင်ခေါင်းဆောင်မှုကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ ဖော်ပြပါ အဓိကကဏ္ဍ (၄) ခု (နားလည်ပေးခြင်း၊ အပြည့်အဝရပ်တည်ပေးခြင်း၊ ကောင်းမြတ်ခြင်းရှိခြင်း၊ ကိုယ်ကျိုးစွန့်အခွင့်အာဏာကို သုံးခြင်း) ထဲမှာ သင့်ကိုယ်သင် ဘယ်အချက်မှာ အားအကောင်းဆုံးလို့ ခံစားရသလဲ။ ဘယ်အပိုင်းမှာကော ပိုပြီး တိုးတက်ကြီးထွားလာဖို့ လိုအပ်နေသေးသလဲ။

၃။ သင့်ရဲ့ အဖွဲ့သားတွေအပေါ်မှာ သင်ဟာ "အပြည့်အဝ ရပ်တည်ပေးနေတဲ့သူ" ဖြစ်ကြောင်း လက်တွေ့ကျကျ ဘယ်လိုနည်းလမ်းတွေနဲ့ ပြသမလဲ။

၄။ သင့်ရဲ့ စစ်မှန်တဲ့ ကိုယ်ကျင့်တရား (Integrity) ခိုင်မြဲစေဖို့အတွက်—သင့်ရဲ့ နှုတ်ထွက်စကား၊ လုပ်ဆောင်ချက် လုပ်ရပ်တွေနဲ့ သင့်ရဲ့ ယုံကြည်ချက်တွေအကြား တထပ်တည်း ကိုက်ညီမှုရှိနေစေဖို့ ဘယ်လို လက်တွေ့ကျတဲ့ ခြေလှမ်းတွေကို စတင်လုပ်ဆောင်မလဲ။

ဆက်လက်လေ့လာရန်ကျမ်းများ

၁ တိမောသေ ၃:၁-၇

၁ ပေတရု ၅:၁-၄

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်