အသင်းများ

လူများကို ရူပါရုံထဲသို့ ဖိတ်ခေါ်ခြင်း

ရည်ရွယ်ချက်

ယေရှုက လူတွေကို သူတို့ဘဝအတွက် ပိုမိုကောင်းမွန်တဲ့ ရည်ရွယ်ချက်ဆီကို ဖိတ်ခေါ်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တွေအနေနှင့် ကျွန်တော်တို့က လူတွေကို လုပ်ငန်းအစီအစဉ်များသို့သာ ဖိတ်ခေါ်လေ့ရှိကြတယ်။ ဒီသင်တန်းမှာ ယေရှုစံပြခဲ့တဲ့ ပုဂ္ဂိုလ်ရေးဖိတ်ခေါ်ခြင်းရဲ့ စွမ်းအားကို ဖော်ထုတ်ခြင်းဖြင့် အင်အားပြည့်ဝသောအဖွဲ့များ တည်ဆောက်ခြင်းထဲကို နက်ရှိုင်းစွာ ဝင်ရောက်လေ့လာကြမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက အခြားသူတွေထဲမှာ မီးတောက်တစ်ခုမွှေးပေးတယ် ပြီးတော့ ၎င်းတို့ကိုယ်တိုင်ထက် ပို၍ကြီးမားတဲ့ ရည်ရွယ်ချက်တစ်ခုဆီကို ဖိတ်ခေါ်ပြီး သူတို့ရဲ့ ထူးခြားတဲ့ ပါရမီတွေကို အသုံးချနိုင်အောင် ခွန်အားပေးပါတယ်။ အားအင်ပြည့်ဝတဲ့အသင်းအဖွဲ့တွေကို လူတွေကို အမှန်တကယ်မြင်ခြင်း၊ ၎င်းတို့ရဲ့ ပါရမီတွေကို နားလည်ခြင်းနှင့် ၎င်းတို့ကို အခန်းကဏ္ဍ ဒါမှမဟုတ် အစီအစဉ်တစ်ခုခုထက် များစွာသာ၍ကြီးမားတဲ့ ဇာတ်လမ်းတစ်ပုဒ်ထဲကို ဖိတ်ခေါ်ခြင်းဖြင့် တည်ဆောက်ထားတယ်။ လူတိုင်းဟာ သူတို့ရဲ့ဘဝကို အဓိပ္ပာယ်ရှိစေချင်ကြပြီး အမှုတော်လုပ်ငန်းမှာ လူတွေရဲ့ယုံကြည်ခြင်းနဲ့ စွမ်းရည်တွေ ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးဖို့ အခွင့်အရေး ကျွန်တော်တို့မှာရှိပါတယ်။

အကျဉ်းချုပ်

  • အမှုတော်လုပ်ငန်းကို တစ်ဦးတည်းမဟုတ်ဘဲ အဖွဲ့လိုက်လုပ်ဆောင်ခြင်းက အကောင်းဆုံးဖြစ်တယ်
  • ယေရှုရဲ့ ဖိတ်ခေါ်မှုပုံစံ
  • ရည်ရွယ်ချက်ရှိတဲ့ ပုဂ္ဂိုလ်ရေးဖိတ်ကြားချက်
  • အလုပ်သဘောမဟုတ်ဘဲ ဆက်ဆံရေးကို အခြေခံတဲ့ဖိတ်ကြားချက်
  • ပုဂ္ဂိုလ်ရေးဖိတ်ကြားချက်၏ တန်ခိုး
  • လုပ်ငန်းအစီအစဉ်တစ်ခုအတွက်မဟုတ်ဘဲ ရည်ရွယ်ချက်တစ်ခုအတွက်ဖိတ်ခေါ်ခြင်း
  • ခြေလှမ်းတစ်လှမ်း လှမ်းရန်ဖိတ်ခေါ်ခြင်း
  • လူတွေကို ၎င်းတို့ရဲ့ အဆင်သင့်ဖြစ်မှုအလိုက် ဖိတ်ခေါ်ခြင်း
  • ဖိတ်ခေါ်ခြင်းဓလေ့ကို ဖန်တီးပါ
  • စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါ
  • အခြားသူတွေကို ဖိတ်ခေါ်သူများဖြစ်အောင် အားပေးပါ

ကိုးကားထားသောကျမ်းပိုဒ်များ

မဿဲ ၄:၁၈-၂၀

နောက်ထပ်လေ့လာရန် မေးခွန်းများ

၁။ တစ်စုံတယောက်က သင့်ကို သိသာထင်ရှားသော သက်ရောက်မှုရှိတဲ့ ပုဂ္ဂိုလ်ရေးဖိတ်ခေါ်ချက်တစ်ခု ပြုလုပ်ခဲ့တဲ့ အချိန်တစ်ခုကို စဉ်းစားကြည့်ပါ။ အဲဒီဖိတ်ခေါ်ချက်ကို ဘယ်အရာက ထိရောက်စေခဲ့သလဲ။

၂။ မဿဲ ၄:၁၈ မှာတွေ့ရတဲ့ ပေတရုနဲ့ အန္ဒြေတို့အပေါ် ယေရှုရဲ့ ဖိတ်ကြားချက်ဟာ ကျွန်တော်တို့က လူတွေကို အမှုတော်လုပ်ငန်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်လေ့ရှိပုံနှင့် ဘယ်လိုကွာခြားသလဲ။

၃။ သင့်ရဲ့ အမှုတော်မြတ် သို့မဟုတ် အဖွဲ့အစည်း ရပ်တည်ဖြေရှင်းပေးဖို့ တည်ရှိနေရတဲ့ အဓိကကျတဲ့ "ရည်မှန်းချက်ပန်းတိုင် (Cause)" က ဘာလဲ။ အဖွဲ့ထဲကို ဝင်ရောက်လာနိုင်ခြေရှိတဲ့သူတွေ သိရှိနားလည်အောင် အဲဒီအချက်ကို ဘယ်လိုမျိုး ရှင်းရှင်းလင်းလင်း ချပြဆက်သွယ်ပြောဆိုမလဲ။

၄။ သင့်အမှုတော်လုပ်ငန်းမှာ ပုဂ္ဂိုလ်ရေးဖိတ်ခေါ်ခြင်းဓလေ့ကို တည်ဆာက်ဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတချို့က ဘာတွေဖြစ်မလဲ။

ဆက်လက်လေ့လာရန်ကျမ်းများ

ဧဖက် ၄:၁-၁၆

တမန်တော်ဝတ္ထု ၉:၁-၁၉

ယောဟန် ၁:၃၅-၅၁

လုကာ ၅:၁-၁၁

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်