ရူပါရုံ

ရူပါရုံထဲမှ အမှန်တရားအသစ်များ

ရည်ရွယ်ချက်

ခေါင်းဆောင်တွေဟာ ဘုရားက အဆက်မပြတ် ဘယ်လိုဦးဆောင်နေသလဲဆိုတဲ့ လတ်ဆတ်သစ်လွင်တဲ့ ဖော်ပြမှုတစ်ခု လိုအပ်တယ်။ ဒီသင်တန်းက အမှုတော်လုပ်ငန်းနှင့် ခေါင်းဆောင်မှုမှာ အမှန်တရားအသစ်တွေကို အဆက်မပြတ်ရှာဖွေခြင်းအကြောင်း အာရုံစိုက်ပြီး ဆွေးနွေးထားပါတယ်။ ပေတရုက ဧဝံဂေလိတရားဟာ တစ်ပါးအမျိုးသားတွေဆီ ရောက်ရမယ်ဆိုတဲ့ နားလည်မှုအသစ်ကို လက်ခံခဲ့ရသလိုပဲခေါင်းဆောင်တွေဟာ ဘုရားရဲ့ ဦးဆောင်မှုကို လက်ခံရမှာဖြစ်ပြီး ၎င်းတို့ရဲ့ ရူပါရုံကို ဘုရားကို ပြန်လည်ပုံဖော်ခွင့်ပြုရမှာဖြစ်တယ်။ အဲဒီအတွက် ရှိပြီးသား ယူဆချက်တွေကို စိန်ခေါ်ခြင်း၊ ခေတ်မမီတော့တဲ့ စိတ်နေသဘောထားနှင့် လုပ်ငန်းအစီအစဉ်တွေကို စွန့်လွှတ်ခြင်း၊ ယေရှုကို ကိုယ်တိုင်တွေ့ကြုံဖို့ အစဉ်မပြတ်ကြိုးစားနေခြင်းတို့ကို ပြုလုပ်ရမှာဖြစ်တယ်။ အမှန်တရားအသစ်တွေကို လက်ခံကျင့်သုံးခြင်းဖြင့် ခေါင်းဆောင်တွေဟာ ထိရောက်စွာ ဆက်လက်ဦးဆောင်နိုင်ပြီး ဘုရားရဲ့အမှုတော်ထဲမှာ ရှေ့တန်းမှာ ရပ်တည်နိုင်မှာဖြစ်တယ်။

အကျဉ်းချုပ်

  • လတ်ဆတ်ပြီး ဆန်းသစ်တီထွင်မှုရှိတဲ့ ရူပါရုံရဲ့ အရေးပါမှု
  • အမှန်တရားသစ်အတွက် မေးရမယ့် အဓိကမေးခွန်းသုံးခု-
  • ဘာမှားနေတယ်လို့ ထင်သလဲ
  • ဘယ်အရာတွေကို အပြီးတိုင် စွန့်လွှတ်ဖြတ်တောက်ပစ်ဖို့ (သေဆုံးခွင့်ပေးဖို့) လိုအပ်နေ သလဲ
  • ယေရှုဆီကနေ အသစ်တစ်ခုခုကို ရှာဖွေတွေ့ရှိခဲ့တာ နောက်ဆုံးဘယ်တုန်းကလဲ
  • စွန့်စားခြင်းနှင့် သက်တောင့်သက်သာရှိခြင်းထဲမှ ထွက်ခွာခြင်းရဲ့ အခန်းကဏ္ဍ
  • တစ်ကိုယ်ရေ ဝိညာဉ်ရေးရာ ကြီးထွားမှုနှင့် ဖွင့်ပြခြင်း၏ အရေးပါမှု

ကိုးကားထားသောကျမ်းပိုဒ်များ

မာကု ၄

တမန်တော်ဝတ္ထု ၁၀:၃၄

နောက်ထပ်လေ့လာရန် မေးခွန်းများ

၁။ သင့်ရဲ့ အမှုတော်လုပ်ငန်းမှာ ဘယ်လို “အောင်မြင်မှု” ဒါမှမဟုတ် သက်တောင့်သက်သာရှိတဲ့ လုပ်ရိုးလုပ်စဉ်တွေက ပြောင်းလဲမှုကို လက်ခံဖို့ တားဆီးနေနိုင်မလဲ။

၂။ ကျွန်တော်/ကျွန်မရဲ့ဘဝ တစ်နေရာရာမှာ ခေတ်မမီတော့တဲ့ ယုံကြည်ချက်တွေ၊ အလေ့အကျင့်တွေကို ဆုပ်ကိုင်ထားမိနေတာ ရှိသလား။

၃။ ပေတရုနှင့် ကော်နေလိတို့ရဲ့ ဇာတ်လမ်းက ဘုရားရဲ့ ဦးဆောင်မှုကို လိုက်လျှောက်ရာမှာ စွန့်စားမှုတွေ ပြုလုပ်ဖို့ သင့်ကိုဘယ်လိုအားပေးသလဲ။​

၄။ သင့်အဖွဲ့ သို့မဟုတ် အဖွဲ့အစည်းအတွင်းမှာ ဆန်းသစ်တီထွင်မှုနှင့် ပြောင်းလဲခြင်းဓလေ့ကို ဘယ်လိုဖန်တီးနိုင်မလဲ။

ဆက်လက်လေ့လာရန်ကျမ်းများ

တမန်တော်ဝတ္ထု ၁၀

မဿဲ ၁၉:၂၇-၃၀

ဟေရှာယ ၄၃:၁၉

ဆာလံ ၃၇:၂၃-၂၄

ဒေါင်းလုဒ်များ

လေ့လာမှုလမ်းညွှန်